Miss Universe Sittwe 2015 ​ပြိုင်​ပွဲမှ ဆုရသူများစာရင်း ထွက်​​ပေါ်

(ဂျူလိုင်​လ ၁ ၊ စစ်​​တွေ)

ရခိုင်​ပြည်​နယ်​ဝန်​ကြီးချုပ်​၏ အစီအစဉ်​ဖြင့်​ ရခိုင်​ပြည်​နယ်​အမျိုးသမီး​ရေးရာအဖွဲ့ ချုပ်​မှ ကြီးမှုးကာ မ​နေ့ က စစ်​​တွေတွင်​ ကျင်းပ​ခဲ့သည့်​ Miss Universe Sittwe ပြိုင်​ပွဲမှ ဆုရရှိသူများကို ထွက်​​ပေါ်လာပြီဖြစ်​​ကြောင်း သိရသည်​။

အဆိုပြိုင်​ပွဲတွင်​ Miss Universe Sittwe 2015 winner အဖြစ် ခါးနံပါတ် 16 ၊ ချိုချိုထွန်း (ရသေ့တောင်)မှ ဆွတ်ခူးရရှိသွားပါသည်။ ဆုဆွတ်ခူးရရှိသွားသော မချိုချိုထွန်းအနေဖြင့် အောင်တိုဘာလတွင် ကျင်းပမည့် Miss Universe Myanmar 2015 သို့ တိုက်ရိုက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ပါသည်။

1st Runner Up = မခင်ခင်ကြည်၊ ခါးနံပါတ် (၁၀) မင်းပြားမြို့
2nd Runner Up = မဆုမြတ်လှိုင် ၊ ခါးနံပါတ် (၁၅) စစ်တွေမြို့
Miss photogenic Award = မယဉ်ပိုပိုမြင့် ၊ ခါးနံပါတ်(၁၁)၊ ကျောက်ဖြူမြို့
BSC Cosmetology မှ ချီးမြှင့်သည့် miss healthy skin Award = မခင်ခင်ကြည်၊ ခါးနံပါတ်(၁၀)၊ မင်းပြားမြို့
Miss Body Beauty = မဖြိုးဖြိုးကျော်၊ ခါးနံပါတ်(၉) ကျောက်တော်မြို့
Miss internet = မခင်ယုယုနွယ် ၊ ခါးနံပါတ်(၃)၊ ရသေ့တောင်မြို့
Miss best style = မခင်မြတ်သူ၊ ခါးနံပါတ်(၄)၊ စစ်တွေ
Miss Congeniality = မငြိမ်းအိအိကျော်(သံတွဲဇာတိ)၊ ခါးနံပါတ်(၁၃)၊ ပုဏ္ဏားကျွန်း တို့ က အသီးသီးရရှိခဲ့ကြ​ကြောင်း Miss Universe Sittwe ၏ ​ဖေ့ဘုတ်​စာမျက်​နှာတွင်​ ​ဖော်​ပြချက်​အရ သိရသည်​။

သန့်ဇင်
(​လေးမြို့ သတင်းမီဒီယာ)



SHARE THIS
Previous Post
Next Post