ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာနယ်ခြားစောင့်တပ် အကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိမှုများရှိ

ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာနယ်ခြားစောင့်တပ် အကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိမှုများရှိ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင်၊ တန်းဆိပ်မြို့နယ်တွင် တည်ရှိသော မော်တုတ်ကြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့မှ သြဂုတ်လ ၂၆ ရက်နေ့ နံနက်က ၀င်ရောက် ပစ်ခတ်သွားခဲ့သည်ဟု သတင်း ရရှိသည်။

“ ကျွန်တော်တို့ သတင်းရတာက ရက္ခိုင့်တပ်မတော်က ရိက္ခာသယ်ယူနေတဲ့ မြင်း ၁၆ ကောင်ကို ဘင်္ဂလာ နယ်ခြားစောင့်တပ် ဘီဂျီဘီက ဖမ်းသွားတယ်လို့ ကြားတယ်။ ဒါကို မကျေနပ်တဲ့ အတွက် ဒီနေ့မနက်က မော်တုတ်ကြီး ဘီဂျီဘီ စခန်းကို ရက္ခိုင့်တပ်မတော်က ၀င်ပစ်တယ်လို့ ကြားရပါတယ်” ဟု ရုံမော်ကျေးရွာက ဦးမောင်ထွန်းသိန်းက နိရဉ္စရာသို့ ပြောကြားသည်။

တိုက်ပွဲအတွင်း ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ တစ်ဦး ဒဏ်ရာ ရရှိကြောင်း၊ ဒဏ်ရာရသူမှာ တပ်သားအဆင့်ရှိ ‘Zakir’ ဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် တာဝန်ရှိသူများက မီဒီယာများသို့ အတည်ပြုပြောကြားသည်ဟု သိရသည်။
ဒေသခံများကမူ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်သား နှစ်ဦး ကျဆုံးသည်ဟု သတင်းရကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ ကြားရတာက ဒီဘင်္ဂလာဘက်က နှစ်ယောက်ကျတယ်လို့ ကြားရပါတယ်။ ဒီနေ့ တစ်နေ့လုံး ဘင်္ဂလာစစ်တပ်က ရဟတ်ယာဉ်တွေ ခေါက်တုန့် ခေါက်ပြန် ပျံနေတာကို တွေ့ရပါတယ်။ စစ်သားတွေကို ပို့နေတယ်လို့ သိရပါတယ်” ဟု ဦးမောင်ထွန်းသိန်းက ပြောကြားသည်။
ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့ အကြား တိုက်ပွဲ ဖြစ်ပွားသည်ကို နိရဉ္စရာ အနေဖြင့် အတည်ပြုနိုင်သော်လည်း ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်သား နှစ်ဦးသေဆုံးမှုကို နိရဉ္စရာ အနေဖြင့် ယခု အချိန်ထိ အတည်ပြုနိုင်ခြင်းမရှိပါ။
၎င်းအပြင် မော်တုတ်ကြီး၊ မော်တုတ်ချေ၊ ပတ်ဝန်းကျင်မှ ရက္ခိုင့်တပ်မတော်နှင့် အဆက်အသွယ်ရှိသူ ဒေသခံ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ကျေးရွာသားများကို ဘင်္ဂလာစစ်တပ်က ဖမ်းဆီးထားသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်ဟု အမည် မဖော်လိုသူ ဘင်ဒရိုဘင် ဒေသခံ တစ်ဦးက ပြောသည်။

ယခု တိုက်ပွဲ ဖြစ်ပွားရာ မော်တုတ်ကြီးကို ဘင်္ဂလာအစိုးရက ဘော်ရို မော်တုတ်ဟု ခေါ်ပြီး ရခိုင်/ မာရမာများ နေထိုင်သော ကျေးရွာတစ်ရွာ ဖြစ်သည်။ ယင်းရွာသည် ရီကြိုင်ချောင်း ( ဆင်ကူးရီဗာ) အဖျားပိုင်းတွင် တည်ရှိပြီး ကျောက်တော်မြို့နယ် အနောက်ပိုင်းနှင့် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသများနှင့် ဆက်စပ် တည်ရှိသည်။

From-Arakan State


အာဆီယံလူငယ်​အဖွဲ့ အစည်း(မြန်​မာ)မှ မင်းပြား​ရေ​ဘေးသင့်​ပြည်​သူများအား စားနပ်​ရိက္ခာနှင့်​ ​ဆေးဝါးများ ကိုယ်​တိုင်​သွားရောက်​ ကူညီ​ထောက်​ပံ

အာဆီယံလူငယ်​အဖွဲ့ အစည်း(မြန်​မာ)မှ မင်းပြား​ရေ​ဘေးသင့်​ပြည်​သူများအား စားနပ်​ရိက္ခာနှင့်​ ​ဆေးဝါးများ ကိုယ်​တိုင်​သွားရောက်​ ကူညီ​ထောက်​ပံ


(သြဂုတ်​လ ၂၆ ၊ မင်းပြား)

မင်းပြားအ​ခြေစိုက်​ `ဇ´​ဖောင်​​ဒေးရှင်း၏ စီစဉ်​ကူညီမှုဖြင့်​ ရန်​ကုန်​အ​ခြေစိုက်​ အာဆီယံလူငယ်​အဖွဲ့ အစည်း(မြန်​မာ)မှ ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ နယ်​ရှိ ​ရေ​ဘေးသင့်​​ကျေးရွာများသို (၂၅-၈-၂၀၁၅)​နေ့ က ကိုယ်​တိုင်​သွား​ရောက်​ကာ ကျပ်​သိန်း ၅၀၀၀၀၀၀ ​ကျော်​တန်​ဖိုးရှိ စားနပ်​ရိက္ခာနှင့်​ ​ဆေးဝါးများ ကူညီ​ထောက်​ပံ့နိုင်​ခဲ့​ကြောင်း သိရသည်​။

မင်းပြားမြို့ နယ်​သည်​ ​ရေ​ဘေးဒဏ်​အဆိုးဝါးဆုံး ခံစားခဲ့ရသည့်​ မြို့ နယ်​များအနက်​ တစ်​မြို့  အဝါအဝင်​ဖြစ်​ခဲ့ပြီး ​ရေအမြင့်​​ပေအများဆုံးတက်​​ရောက်​ခဲ့​သော ​​ကျေးရွာများဖြစ်​သည့်​ `တံခွန်​တိုင်​ ၊ ချင်းဆိပ်​ ၊ ​တောတန်း ၊ ဒုံကြီးရွာများသို့  အဓိကထား၍ သွား​ရောက်​လှူဒါန်းနိုင်​ခဲ့​ကြောင်း အာဆီယံလူငယ်​အဖွဲ့ အစည်းမှ ကိုခိုင်​မင်းသန်းက ​ပြောကြားသည်​။

အဆိုပါ​ကျေးရွာများတွင်​ ​ရေကြီးမှု​ကြောင့်​ ​ရေအမြင့်​​ပေ ၁၂ ​ပေ​ကျော်​ခန့် ထိတက်​​ခဲ့​ကြောင်း တင်​ကျန်​ရစ်​ခဲ့သည့်​ နှုန်းနှင့်​ ရွံ့  များကို မကြုံစဖူးမြင်​​တွေ့  ခဲ့ရပြီး အဆိုပါ​ကျေးရွာ​နေ လူအများစှမှာ ဆင်းရဲနွမ်းပါးခြင်း​ကြောင့်​ ခရီးစဉ်​အဖြစ်​ ​ရွေးချယ်​ခဲ့ခြင်းဖြစ်​​ကြောင်း
လမ်း​ကြောင်း​ရွေးချယ်​၊ကူညီစီစဉ်​​ပေးခဲ့သည့်​ `ဇ´​ဖောင်​​ဒေးရှင်းမှ ကို​ကောင်းမြတ်​​ကျော်​က ​ပြောကြားသည်​။

ထို့ ​နောက်​ အာဆီယံလူငယ်​အဖွဲ့အစည်းမှ ​ရေ​ဘေးသင့်​ခဲ့သည့်​ တံခွန်​တိုင်​​ကျေးရွာအား ဆန်​အိတ်​ ကြီး၂၀၊ ငယ်​ ၁၁ အိတ်​ကို လည်း​ကောင်း ၊ ဆီ ၁ လီတာပါ ၁၄၂ ဗှူးကို လည်း​ကောင်း ၊ ​ရေသန့် ၁ လီတာပါ ​ဗူး ၅၅၆ ကိုလည်း​ကောင်း ၊ ​ခေါက်​ဆွဲ​ထုပ်​ ၊ ငပိ​ထောင်း ၊ ဆပ်​ပြာ ၊ လက်​ဖက်​ ၊ အဝတ်​အထည်​ ၊ င​ခြောက်​​ကြော်​ ၊ ဓာတ်​ဆား ၊ ဆား နှင့်​ ​ဆေးဝါးများကို လည်း​ကောင်း ​ပေးအပ်​လှူဒါန်းခဲ့ပြီး အုပ်​ချုပ်​​ရေးမှူးဖြစ်​သူ ဦး​အောင်​မြင့်​​ကျော်​က ​လက်​ခံရယူနိုင်​ခဲ့​ကြောင်း သိရသည်​။

ထို့ ​နောက်​တွင်​ အာဆီယံ - လူငယ်​အဖွဲ့အစည်းနှင့်​ `ဇ´​ဖောင်​​ဒေးရှင်းတို့  အဖွဲ့ သည်​ မင်းပြားမြို့  နယ်​ ၊ သတိုးအုပ်​စု ၊ ချင်းဆိပ်​ ​ကျေးရွာသို့  ​ရောက်​ရှိခဲ့ပြီး ဆန်​အိတ်​ငယ်​ ၈၈ အိတ်​ကိုလည်း​ကောင်း ၊ ​ရေသန့်​ဗှူး ၅၀၀ ​ကျော်​ကိုလည်း​ကောင်း ၊ ခေါက်​ဆွဲ​ထုပ်​ ၊ ငပိ​ထောင်း ၊ ဆပ်​ပြာ ၊ လက်​ဖက်​ ၊ အဝတ်​အထည်​ ၊ င​ခြောက်​​ကြော်​ ၊ ဓာတ်​ဆား ၊ ဆား နှင့်​ ​ဆေးဝါးများကို လည်း​ကောင်း ​ပေးအပ်​လှူဒါန်းရာ ချင်းဆိပ်​​ကျေးရွာမှ အုပ်​ချုပ်​​ရေးမှူးဖြစ်​သူ ဦးဦး​ရွှေသိန်းမှ လက်​ခံရယူခဲ့​ကြောင်း သိရသည်​။

ထို့​နောက်​ အခြား​ကျေးရွာများဖြစ်​ကြ​သော တောတန်း နှင့်​ ဒုံကြီး​ကျေးရွာများသို့  ​လည်း လူဦး​ရေ ၊ အိမ်​​ထောင်​စုအလိုက်​ အလှူပစ္စည်းများ ခွဲ​ဝေ​ပေးထားနိုင်​ခဲ့​ကြောင်း သိရသည်​။

မင်းမြတ်​ခိုင်
(​လေးမြို့ သတင်းမီဒီယာ)


ရခိုင်ဂီတအစည်းအရုံး(ယာယီ)မှ မင်းပြားမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား လာရောက် ကူညီထောက်ပံ့

ရခိုင်ဂီတအစည်းအရုံး(ယာယီ)မှ မင်းပြားမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား လာရောက် ကူညီထောက်ပံ့


မင်းပြား (သြဂုတ် ၂၅၊ ၂၀၁၅)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ရေးဘေးသင့် ပြည်သူများအတွက် ရခိုင်ဂီတအစည်းအရုံး (ယာယီ)မှ အစားအစာ ရိက္ခာနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို (၂၃-၈-၂၀၁၅) ရက်နေ့ ညနေ (၄) နာရီ အချိန်ခန့်က မင်းပြားမြို့၊ မြို့နယ်ဓမ္မာရုံကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ အထွေထွေအတွင်းရေးမှူး(၁) အဆိုတော် ခိုင်ကျော်လင်းက ယခု ရေဘေးသင့် ပြည်သူများသည် မိမိတို့ ရခိုင်ဂီတ၏ ပရိတ်သတ်များ ဖြစ်သောကြောင့် မိမိတို့ ပရိတ်သတ်များ ဒုက္ခရောက်နေချိန်တွင် မိမိတို့ တတ်စွမ်းနိုင်သည့်ဖက်မှ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် (၁၇-၈-၂၀၁၅) ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ဂီတဖျော်ဖြေပွဲပြုရာ ကျပ်သိန်း (၂၂၀) ရရှိခဲ့ကြောင်း၊ ထိုငွေများကို ရေဘေးဒဏ် အများဆုံးခံစားခဲ့ရသော မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း ယိုးတရုတ်ရွာအနီး တြိဂံနယ်မြေနှင့် ဘူးသီးတောင်မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း" အမှာစကား ပြောကြားခဲ့သည်ဟု သိရသည်။

ထို့နောက် မင်းပြားမြို့နယ်ရှိ ရေဘေးဒဏ်ခံစားခဲ့ရသော ရွာ (၁၁)ရွာအတွက် ဆန်နှင့် ရေသန့်များကို လည်းကောင်း၊ မင်းပြားမြို့နယ် ရေဘေးဒဏ်ကြောင့် သေဆုံးသွားသည့် လူ (၁၄) ဦးအတွက် တစ်ဦးလျှင် ကျပ် (၁)သိန်းစီလည်းကောင်း ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ ရခိုင်ဂီတ အနုပညာရှင်များက ပေးအပ်ကာ သက်ဆိုင်သူများက လက်ခံရယူခဲ့သည်ဟု သိရသည်။

ယင်းနောက် ဤအခမ်းအနား ဖြစ်မြောက်အောင်နှင့် ရေဘေးသင့် ပြည်သူများအား ထောက်ပံ့နိုင်ရေးအတွက် ပူးပေါင်း ကူညီပေးသော မင်းပြားမြို့ "ဇ" ဖောင်ဒေးရှင်းအား ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ ငွေကျပ် (၁) သိန်း ပေးအပ်ခဲ့သည်ဟု သိရသည်။

"ကျွန်တော်တို့ ရခိုင်ဂီတအစည်းအရုံး (ယာယီ) က မင်းပြားမြို့နယ် ရေဘေးသင့် ပြည်သူတွေအတွက် ဆန်၊ ရေသန့် ထောက်ပံ့ငွေအပါအဝင် ငွေကျပ်သိန်း (၄၀) ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ မြောက်ဦးမြို့နယ် ရေဘေးသင့် ပြည်သူတွေအတွက်လည်း ငွေကျပ်သိန်း (၄၀) တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းတွေကို ဒီနေ့ နေ့လည်က မြောက်ဦးမြို့မှာ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ကျန်တဲ့ ပုဏ္ဏားကျွန်း ယိုးတရုတ်ရွာအနီး တြိဂံနယ်မြေနှင့် ဘူးသီးတောင်မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား ဆက်လက် ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်" ဟု ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ အထွေထွေအတွင်းရေးမှူး(၁) အဆိုတော် ခိုင်ကျော်လင်းက ပြောသည်။

ထို့နောက် ရခိုင်ဂီတအစည်းအရုံး (ယာယီ) မှ ထောက်ပံ့ပေးခဲ့သော ဆန်နှင့် သောက်ရေသန့်များကို မင်းပြားမြို့နယ်ရှိ ရေဘေးသင့်ရွာများ ဖြစ်သော င/တက်၊ ကျောက်မော်၊ ပြိုင်းချောင်း၊ အိုးပုံတောင်၊ တောင်ပုက္ကေ၊ ညောင်ခြုံ၊ ငန်းတက်၊ စိတ္တရ၊ င/ရမ၊ မြင်းတင်မ၊ ဒုံးသား စသော ရွာ (၁၁) ရွာအား "ဇ" ဖောင်ဒေးရှင်းမှ လူငယ်များက စနစ်တကျ ခွဲဝေပေးခဲ့ကြကြောင်း သိရပါသည်။

From-မင်းပြား - သတင်း


မင်းပြားမြို့၌ ရေကန်အတွင်း ရေညစ်များ စုပ်ထုတ်ရာမှ စတူပါ ကျောက်စေတီငယ် တစ်ဆူ တွေ့ရှိ

မင်းပြားမြို့၌ ရေကန်အတွင်း ရေညစ်များ စုပ်ထုတ်ရာမှ စတူပါ ကျောက်စေတီငယ် တစ်ဆူ တွေ့ရှိ

မင်းပြား (သြဂုတ် ၂၁၊ ၂၀၁၅)

ရခိုင်ပြည်၊ မင်းပြားမြို့၌ ရေကန်အတွင်း ရေညစ်များ စုပ်ထုတ်ရာမှ (၂၁-၈-၂၀၁၅) ရက် နေ့က စတူပါ ကျောက်စေတီငယ် တစ်ဆူတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

မင်းပြားမြို့၌ ထူးကဲဒီရေမြင့်တက်ပြီး ရေကန်များအားလုံးလိုလို ရေဆိုးရေညစ်များ ဝင်ရောက်သွားသည့်အတွက် အဆိုပါ ရေကန်များမှ ရေဆိုးရေညစ်များကို ရေစုပ်စက်များဖြင့် စုပ်ထုတ်လျှက် ရှိကြရာ မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်၊ မြို့မဘောလုံးကွင်းကြီး အနီးး၊ အထက(ခွဲ)လ-၁ ကျောင်းဘေး၊ ပုဏ္ဏားကန်မှ ထို စတူပါ ကျောက်စေတီငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရန်ကုန်မြို့ ပရဟိတ လူငယ်ကွန်ယက်နဲ့ မင်းပြားမြို့ Public Centre (PC) တို့ ပူးပေါင်းပြီးတော့ ဒီရေကန်က ရေဆိုးရေညစ်တွေကို စုပ်ထုတ်နေတာ ဒီနေ့ (၂၁-၈-၂၀၁၅) ရက်နေ့ နံနက် (၉း၃၀) နာရီ အချိန်လောက်က ဒီ စတူပါ ကျောက်စေတီငယ်ကို ရေကန် မြေကြီးထဲက တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်" လို့ မင်းပြားမြို့၊ ဈေးဟောင်းပိုင်း ရပ်ကွက်မှ ဦးလှမောင်သန်းက ပြောသည်။

"ပုဏ္ဏားကန်" ဟု ခေါ်ဆိုခြင်းမှာ ရှေးရခိုင်ဘုရင်များလက်ထက်က ပုဏ္ဏားများ တူးဖော်ခဲ့သော ရေကန်ဖြစ်၍ ယနေ့ထိ ပုဏ္ဏားကန်ဟု ခေါ်တွင်နေကြောင်း အဆိုပါ ရေကန်အနီးနေထိုင်သော အသက် (၇၀)ကျော် အဘိုးအိုတစ်ဦး ပြောပြချက်အရ သိရပါသည်။

"ဒီ ကျောက်ပစ္စည်းဟာ ဝေသာလီခေတ် စတူပါစေတီ အောက်ခြေပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီစတူပါရဲ့ အနား ဖောင်းရစ်မှာ ယေဓမ္မဟေတုပဘဝါ စာတန်းရေးထိုး ပါရှိပါတယ်။ စတူပါစေတီငယ်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကျော် (AD- ၅ ရာစု) လောက်က ရခိုင်ပြည်၊ ဝေသာလီခေတ် ထွန်းကားစဉ် ထုဆစ်ကိုးကွယ်ခဲ့ကြပါတယ်။ ဒီ စတူပါစေတီ တွေ့ရှိတဲ့ ကျိန်းတောင်တန်းတလျှောက် ဝေသာလီခေတ်က ဗုဒ္ဓဘာသာ ကိုးကွယ်ခြင်းနဲ့ ဆက်စပ်နေတဲ့အတွက် ဒီအရပ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ လောက်က ရခိုင်လူမျိုးများ နေထိုင်ခဲ့ကြတယ်လို့ သုံးသပ်မိပါတယ်" ဟု အဆိုပါ စတူပါ စေတီငယ်ကို သွားရောက် လေ့လာခဲ့သော မင်းပြားမြို့မှ ရခိုင်သမိုင်းသုတေသီ မင်းပြား-မင်းသိန်းဇံ က ပြောပါသည်။

ယခုတွေ့ရသော စတူပါ စေတီငယ်မှာ အလျား ၁၂ လက်မခန့် အနံ ၇ လက်မခန့် အမြင့် ၁၈ လက်မခန့် ရှိပြီး မျက်နှာပြင်တစ်ဖက် ပျက်စီးနေကာ စတူပါစေတီ အပေါ်ပိုင်းလည်း ပျက်စီးခဲ့ဟန် ရှိကြောင်း ရခိုင်သမိုင်းသုတေသီ မင်းပြား-မင်းသိန်းဇံက ဆိုသည်။
ယခင်ကလည်း ဤကဲ့သို့ ကျိန်းတောင်တန်းမှ စတူပါ စေတီငယ် ၂ ဆူ ရရှိခဲ့ပြီး ကျိန်းတောင်တန်း သူဌေးကုန်းရွာ အနီးမှ ရရှိသော စတူပါစေတီငယ်ကို ရတနာ့ဗိမာန် ဘုန်းကြီးကျောင်းတွင် လည်းကောင်း၊ ကျိန်းတောင်တန်း အနောက်ဘက် အသည်ရွာအနီးမှ ရရှိသော စတူပါ စေတီငယ်ကို အသည်ရွာ ဘုန်းကြီးကျောင်းတွင် လည်းကောင်း သိမ်းဆည်းထားရှိသည်ဟု သိရသည်။

ယခု တွေ့ရှိရသော စတူပါ စေတီငယ်ကို တူးဖော်တွေ့ရှိရာ "ပုဏ္ဏားကန်" ပေါ်တွင် ယာယီထားရှိကြောင်း သိရပြီး ထိုစတူပါစေတီငယ်ကို သင့်တော်ရာနေရာတစ်ခုခု၌ ထိန်းသိမ်းပြသထားနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးတယူ လာရောက် စုံစမ်းမေးမြန်းခြင်းများ မရှိသေး၍ ထိုကန်ဘောင်ပေါ်၌ပင် ရေစုပ်အလုပ်သမားများကို စောင့်ကြည့်ခိုင်းထားရကြောင်း ဈေးဟောင်းပိုင်းရပ်ကွက်မှ ဦးလှမောင်သန်း က ဆိုပါသည်။

From-မင်းပြား - သတင်း


မင်းပြားမြို့၌ ချို့ယွင်းနေသော လျှပ်စစ်မီးစက်ကြီးကို ပြုပြင်နေစဉ်အတွင်း ရပ်ကွက်လိုက် အလှည့်ကျ မီးပေးမည်ဟုဆို

မင်းပြားမြို့၌ ချို့ယွင်းနေသော လျှပ်စစ်မီးစက်ကြီးကို ပြုပြင်နေစဉ်အတွင်း ရပ်ကွက်လိုက် အလှည့်ကျ မီးပေးမည်ဟုဆို

မင်းပြား (သြဂုတ် ၂၁၊ ၂၀၁၅)

ရခိုင်ပြည်၊ မင်းပြားမြို့၌ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းမှ လျှပ်စစ်မီး ပေးနေသော 550 KVA မီးစက်ကြီးမှာ စက်ချို့ယွင်းသွားသဖြင့် စက်ပြုပြင်နေစဉ်အတွင်း ရပ်ကွက်အလိုက် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ထုတ်ပြန်ကြော်ငြာချက် အရ သိရသည်။

မင်းပြားမြို့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ရပ်ကွက် ၃ ခုသို့ လျှပ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိရာ 550 KVA မီးစက်ဖြင့် အောက်ရွာပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်များသို့ လည်းကောင်း၊ 300 KVA မီးစက်ဖြင့် ဈေးဟောင်းပိုင်း ရပ်ကွက်သို့ လည်းကောင်း နေ့စဉ် ညနေ (၇)နာရီခန့်မှ (၁၀)နာရီခွဲခန့်အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေခဲ့ရာ 550 KVA မီးစက်မှာ ချို့ယွင်းသွားသည့်အတွက် အဆိုပါစက်ကို ပြုပြင်နေစဉ်ကာလအတွင်း 300 KVA စက်ဖြင့် ရပ်ကွက် အလိုက် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။

အဆိုပါ လျှပ်စစ်မီးစက်ချို့ယွင်းမှုနှင့် ပတ်သက်၍ ယနေ့ (၂၁-၈-၂၀၁၅) နေ့လည် (၁) နာရီ အချိန်ခန့်က ဌာနဆိုင်ရာများနှင့် မြို့သူ/သားများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရာ 550 KVA မီးစက်အား ပြုပြင်နေစဉ် ကာလအတွင်း 300 KVA မီးစက်ဖြင့် ရပ်ကွက်လိုက် အလှည့်ကျ လျှပ်စစ်မီး ဖြန့်ဖြူးပေးသွားမည်ဟု ညှိနှိုင်းဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

"အခု ချို့ယွင်းနေတဲ့ 550 KVA မီးစက်ကို ပြည်နယ်လျှပ်စစ်ဓာတ်အား လုပ်ငန်းက စက်ပြင်ဆရာများက (၂၀-၈-၂၀၁၅) နေ့ရက်ကစပြီး ပြုပြင်နေပါတယ်။ စက်ပြင်နေစဉ်ကာလအတွင်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ 300 KVA စက်နဲ့ ရပ်ကွက်အလိုက် အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီး ဖြန့်ဖြူးပေးဖို့ ဖြစ်ပါတယ်။ စက်ပြုပြင်ပြီးသွားရင်တော့ ယခင်အတိုင်း ပုံမှန် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။" ဟု မင်းပြားမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးလှထွန်းက ပြောသည်။

"မင်းပြားမြို့မှာ အရင်က EPC က မဟုတ်ဘဲ မြို့မီးလင်းရေး ကော်မတီက မီးပေးတဲ့အချိန်က မီတာခ တစ်ယူနစ်ကို ၃၀၀ ကျပ် ပေးရတယ်။ အခုတော့ EPC က လျှပ်စစ်မီတာ တစ်ယူနစ်ကို ၃၅ ကျပ်ဆိုတော့ မီးသုံးစွဲသူတွေက အရင်ကထက်ပိုပြီး မီးသုံးစွဲမှု များလာကြတယ်။ အထူးသဖြင့် လျှပ်စစ်ထမင်းအိုး၊ မီးဖို၊ မီးပူ သုံးစွဲတာတွေ တအားများလာလို့ မကြာခဏ မီးပြတ်တောက်တာတွေ ရှိပါတယ်။ ည ၇ နာရီက ၉ နာရီ အချိန်ထိဆို လျှပ်စစ်မီးကို အများဆုံး သုံးစွဲကြတော့ အဲဒီအချိန်မှာ မီးပြတ်တောက်မှု ပိုဖြစ်ပါတယ်။" ဟု သူက ဆက်ပြောသည်။

လက်ရှိအခြေအနေအရ မင်းပြားမြို့မှာ ၃ ရက်မှ တစ်ခါ လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ပြီး ကျောင်းသား/သူများ အနေဖြင့် ဖယောင်းတိုင်မီးဖြင့် စာဖတ်ကြရမည် ဖြစ်ကာ ဖုန်းသုံးစွဲသူများမှာ အနေဖြင့် ကိုယ်ပိုင်မီးစက်ဖြင့် လျှပ်စစ်မီးသုံးစွဲနေရသော လဘက်ရည်ဆိုင်များတွင် သူ့ထက်ငါ လက်ဦးမှုရအောင် ဖုန်းဘက်ထရီ အားသွင်းနေကြရမည် ဖြစ်ပါသည်။

From- မင်းပြား - သတင်း


စေတနာရှင်​များမှ ဇ-​ဖောင်​​ဒေးရှင်းသို့  ​ငွေ​ကြေး၊​ရေသန့် နှင့်​​ ဆေးဝါး များ လှူဒါန်း

စေတနာရှင်​များမှ ဇ-​ဖောင်​​ဒေးရှင်းသို့  ​ငွေ​ကြေး၊​ရေသန့် နှင့်​​ ဆေးဝါး များ လှူဒါန်း

(သြဂုတ်​လ ၂၂ ၊ မင်းပြား)

ရခိုင်​ပြည်​နယ်​ရှိ ​ရေ​ဘေးသင့်​ပြည်​သူများအား တနိုင်​တပိုင်​၊တစ်​တပ်​တစ်​အား ကူညီကယ်​ဆယ်​ ၊ ​ထောက်​ပံ့​ပေး​နေသည့်​ ဇ-​ဖောင်​​ဒေးရှင်းသို့  ​သြဂုတ်​လ ၁၆ ရက်​​နေ့ က ရွှေပြည်​တန်​-မိသားစုမှ
ဒုတိယအကြိမ်​ ​ရေသန့်ဗှူးများ နှင့်​ အလှူ​ငွေများအား မင်းပြား - ​ရွှေပြည်​တန်​ ဆိပ်​ကမ်း၌​ လွှဲ​ပြောင်းလှူဒါန်းခဲ့​ကြောင်း သိရသည်။

``ပထမတစ်​ကြိမ်​က ​ရေသန့်ဗှူး​သေး ၁၀၀၂ လုံး၊ ဒုတိယတစ်​ကြိမ်​က ​ရေသန့် ဗှူး 1 လီတာ ၃၀၀၀ လာလှူပါတယ်​...အလှူရှင်​က စစ်​​တွေ၊ ​ရွှေပြည်​တန်​ ရုံးချုပ်​ကပါ´´ဟု လက်​ခံရရှိသူ ဇ-​ဖောင်​​ဒေးရှင်းမှ ကိုညီညီ​အောင်​က ​လေးမြို့ သို့  ​ပြောကြားသည်​။

ထို့ပြင်​ ​ရွှေ ပြည်​တန်​မှ ကိုသန့်​ဇင်​ဝင်းကလည်း အလှူ​ငွေကျပ်​ တစ်​သိန်းတိတိကိုလည်း​ကောင်း၊  လာ​ရောက်​လှူဒါန်းခဲ့ပြီး မင်းပြားမှ ​ကိုသိန်းထူး ဦး​ဆောင်​သည့်​ ပြည်​မြို့  မှ ​စေတနာရှင်​များက လည်း ​ဆေးဝါးများကိုလည်း​ကောင်း
လာ​ရောက်​လှူဒါန်း လွှဲ​ပြောင်း​ပေးခဲ့ကြ​ကြောင်း သိရသည်။

အဆိုအလှူပစ္စည်းများအား ဇ-​ဖောင်​​ဒေးရှင်း၏ ကယ်​ဆယ်​​ရေး ခရီးစဉ်​များတွင်​ လိုအပ်​သလို စီမံခန့်ခွဲ လှူဒါန်းသွားမည်​ဖြစ်​​ကြောင်း ​ခေါင်း​ဆောင်​ တစ်​ဦးဖြစ်​သူ ကိုထွန်းသိန်း​မောင်​၏ ​ပြောကြားချက်​အရ သိရသည်။

မင်းမြတ်​ခိုင်
(​လေးမြို့  သတင်းမီဒီယာ) ����


မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေ ပါဝင်မှုမရှိဟုဆို

မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေ ပါဝင်မှုမရှိဟုဆို

မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း) သန်းရွှေ ပါဝင်မှု၊ သြဇာလွှမ်းမိုးမှု မရှိဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာရ်အက်ဖ်အေ သတင်းဌာနကို ပြောကြားလိုက်သည်။
" ဘာမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အငြိမ်းစား)ရဲ့ သြဇာလွှမ်းမိုးမှု ဘာတစ်ခုမှမရှိပါဘူး"ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြေကြားသည်။
၂ဝ၁၄ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေရဲ့အခန်းကဏ္ဍ ပါဝင်လာကြောင်း ပြောဆိုနေမှု ရှိသည့်အပေါ် RFAက မေးမြန်းမှုကို ""ဟုတ်ပါသလားလို့မေးရင်တော့ ကျနော်အနေနဲ့ကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်ကပြောချင်တာ၊ ဗိုလ်ချုပ်မှူးကြီးက သူ့ဟာသူပဲ အေးဆေးနေတာပါ၊ ကျနော်တို့လည်း အခါကြီးရက်ကြီးတွေမှာ သွားပြုပြီးတော့ ဂါရဝပြုတာတွေရှိပါတယ်၊ ကျနော်တို့ရဲ့ တပ်မတော်ရဲ့မိဘဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ သွားရောက်ဂါရဝပြုတာတွေရှိပါတယ်၊ သူကတိုင်းပြည်ကောင်းဖို့အတွက်ပဲ သူအကြံပြုတာတွေ ကျနော်တို့ တပ်မတော်ကောင်းအောင်လုပ်ဖို့အတွက် အကြံပြုတာတွေပဲရှိတယ်၊ ဘာလုပ်ပါလို့တော့ ဒီဟာတွေကိုတော့ လုပ်တာပြုတာတော့မပြောဘူး မရှိဘူး၊ နံပါတ် ၂ အချက်ကတော့ စည်းစည်းလုံးလုံးနေကြဖို့ သူမကြာခဏပြောပါတယ် တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ ဒီလောက်ပဲပြောပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည် ဖြေကြားသည်။
လတ်တလော နိုင်ငံရေးအခြေအနေမှာ နိုင်ငံတော်အစိုးရဘက်ကနေ ရပ်တည်ပေးရမှာက လိုအပ်ချက်ဖြစ်ကြောင်း နှင့် လက်ရှိ နိုင်ငံတော်အကြီးအကဲ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်မှုအောက်တွင် တပ်မတော်အကြီးအကဲတစ်ဦးအနေဖြင့် လိုက်နာဆောင်ရွက်သွားရမည်ဟုလည်း ၎င်းက ပြောသည်။

From-Mizzima


မင်းပြားတွင် လျှပ်စစ်မီးမလင်းသောကြောင့် မြို့လူထုအုံကြွ ဆန္ဒပြ

မင်းပြားတွင် လျှပ်စစ်မီးမလင်းသောကြောင့် မြို့လူထုအုံကြွ ဆန္ဒပြ


မင်းပြား (သြဂုတ် ၂၀၊ ၂၀၁၅)

ရခိုင်ပြည်၊ မင်းပြားမြို့တွင် လျှပ်စစ်မီး မရရှိသောကြောင့် ယနေ့ (၂၀-၈-၂၀၁၅) ရက် ညည့် (၈)နာရီ အချိန်ခန့်က မြို့လူထု အုံကြွ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
မင်းပြားမြို့ရှိ လျှပ်စစ်မီးစက်မှ လျှပ်စစ်မီး အဆင်ပြေ ကောင်းမွန်စွာမရရှိဘဲ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုဒဏ်ကို သည်းခံနေကြရသော မင်းပြားမြို့လူထု (၁၀၀၀) ကျော်ခန့်က ယနေ့ညတွင် တပြိုင်တည်း အုံကြွဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့၊ လျှပ်စစ်မီးစက်ကြီးရှေ့တွင် လျှပ်စစ်မီး ကောင်းမွန်စွာရရှိရေးအတွက် မြို့လူထုက အုံကြွတောင်းဆို ဆန္ဒဖော်ထုတ်ကြသောကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူးက လာရောက် ထိန်းသိမ်း ညှိနှိုင်းခဲ့ရသည်ဟု သိရသည်။
ဆန္ဒပြလူထုသည် ထိုမှတဆင့် မြို့နယ် အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့၌ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒဖော်ထုတ်ကြသောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးက မနက်ဖြန် တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်၍ အကောင်းဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးမည်ဟု ပြောကာ လူစုခွဲစေခဲ့သည်ဟု သိရသည်။

မင်းပြားမြို့တွင် မြို့ပေါ် ရပ်ကွက်ကြီး (၃)ခုသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ 500 KVA နှင့်
300 KVA မီးစက်ကြီး (၂) လုံးဖြင့် နေ့စဉ် ညနေ (၇)နာရီခန့်မှ (၁၀)နာရီခွဲခန့်အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိရာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများလာသောကြောင့် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်နေရသည်ဟု မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိမိတို့ ရခိုင်ပြည်မှ ထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြုခွင့်မရရှိဘဲ ပြည်မမှလာသော မဟာဓာတ်အားလိုင်းသည် မင်းပြားမြို့နယ်အတွင်းမှ ဖြတ်သန်းသွားသော်လည်း မင်းပြားမြို့ပေါ်၌မူ စုတ်ပြတ်သတ်နေသော မီးစက်ဖြင့် (၄)နာရီကြာကြာခန့် ရရှိပြီး မကြာခဏ ပြတ်တောက်နေသော လျှပ်စစ်ဓာတ်အားကို သုံးစွဲနေကြရသည်ဟု သိရသည်။

From-မင်းပြား - သတင်း