အာဆီယံလူငယ်​အဖွဲ့ အစည်း(မြန်​မာ)မှ မင်းပြား​ရေ​ဘေးသင့်​ပြည်​သူများအား စားနပ်​ရိက္ခာနှင့်​ ​ဆေးဝါးများ ကိုယ်​တိုင်​သွားရောက်​ ကူညီ​ထောက်​ပံ


(သြဂုတ်​လ ၂၆ ၊ မင်းပြား)

မင်းပြားအ​ခြေစိုက်​ `ဇ´​ဖောင်​​ဒေးရှင်း၏ စီစဉ်​ကူညီမှုဖြင့်​ ရန်​ကုန်​အ​ခြေစိုက်​ အာဆီယံလူငယ်​အဖွဲ့ အစည်း(မြန်​မာ)မှ ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ နယ်​ရှိ ​ရေ​ဘေးသင့်​​ကျေးရွာများသို (၂၅-၈-၂၀၁၅)​နေ့ က ကိုယ်​တိုင်​သွား​ရောက်​ကာ ကျပ်​သိန်း ၅၀၀၀၀၀၀ ​ကျော်​တန်​ဖိုးရှိ စားနပ်​ရိက္ခာနှင့်​ ​ဆေးဝါးများ ကူညီ​ထောက်​ပံ့နိုင်​ခဲ့​ကြောင်း သိရသည်​။

မင်းပြားမြို့ နယ်​သည်​ ​ရေ​ဘေးဒဏ်​အဆိုးဝါးဆုံး ခံစားခဲ့ရသည့်​ မြို့ နယ်​များအနက်​ တစ်​မြို့  အဝါအဝင်​ဖြစ်​ခဲ့ပြီး ​ရေအမြင့်​​ပေအများဆုံးတက်​​ရောက်​ခဲ့​သော ​​ကျေးရွာများဖြစ်​သည့်​ `တံခွန်​တိုင်​ ၊ ချင်းဆိပ်​ ၊ ​တောတန်း ၊ ဒုံကြီးရွာများသို့  အဓိကထား၍ သွား​ရောက်​လှူဒါန်းနိုင်​ခဲ့​ကြောင်း အာဆီယံလူငယ်​အဖွဲ့ အစည်းမှ ကိုခိုင်​မင်းသန်းက ​ပြောကြားသည်​။

အဆိုပါ​ကျေးရွာများတွင်​ ​ရေကြီးမှု​ကြောင့်​ ​ရေအမြင့်​​ပေ ၁၂ ​ပေ​ကျော်​ခန့် ထိတက်​​ခဲ့​ကြောင်း တင်​ကျန်​ရစ်​ခဲ့သည့်​ နှုန်းနှင့်​ ရွံ့  များကို မကြုံစဖူးမြင်​​တွေ့  ခဲ့ရပြီး အဆိုပါ​ကျေးရွာ​နေ လူအများစှမှာ ဆင်းရဲနွမ်းပါးခြင်း​ကြောင့်​ ခရီးစဉ်​အဖြစ်​ ​ရွေးချယ်​ခဲ့ခြင်းဖြစ်​​ကြောင်း
လမ်း​ကြောင်း​ရွေးချယ်​၊ကူညီစီစဉ်​​ပေးခဲ့သည့်​ `ဇ´​ဖောင်​​ဒေးရှင်းမှ ကို​ကောင်းမြတ်​​ကျော်​က ​ပြောကြားသည်​။

ထို့ ​နောက်​ အာဆီယံလူငယ်​အဖွဲ့အစည်းမှ ​ရေ​ဘေးသင့်​ခဲ့သည့်​ တံခွန်​တိုင်​​ကျေးရွာအား ဆန်​အိတ်​ ကြီး၂၀၊ ငယ်​ ၁၁ အိတ်​ကို လည်း​ကောင်း ၊ ဆီ ၁ လီတာပါ ၁၄၂ ဗှူးကို လည်း​ကောင်း ၊ ​ရေသန့် ၁ လီတာပါ ​ဗူး ၅၅၆ ကိုလည်း​ကောင်း ၊ ​ခေါက်​ဆွဲ​ထုပ်​ ၊ ငပိ​ထောင်း ၊ ဆပ်​ပြာ ၊ လက်​ဖက်​ ၊ အဝတ်​အထည်​ ၊ င​ခြောက်​​ကြော်​ ၊ ဓာတ်​ဆား ၊ ဆား နှင့်​ ​ဆေးဝါးများကို လည်း​ကောင်း ​ပေးအပ်​လှူဒါန်းခဲ့ပြီး အုပ်​ချုပ်​​ရေးမှူးဖြစ်​သူ ဦး​အောင်​မြင့်​​ကျော်​က ​လက်​ခံရယူနိုင်​ခဲ့​ကြောင်း သိရသည်​။

ထို့ ​နောက်​တွင်​ အာဆီယံ - လူငယ်​အဖွဲ့အစည်းနှင့်​ `ဇ´​ဖောင်​​ဒေးရှင်းတို့  အဖွဲ့ သည်​ မင်းပြားမြို့  နယ်​ ၊ သတိုးအုပ်​စု ၊ ချင်းဆိပ်​ ​ကျေးရွာသို့  ​ရောက်​ရှိခဲ့ပြီး ဆန်​အိတ်​ငယ်​ ၈၈ အိတ်​ကိုလည်း​ကောင်း ၊ ​ရေသန့်​ဗှူး ၅၀၀ ​ကျော်​ကိုလည်း​ကောင်း ၊ ခေါက်​ဆွဲ​ထုပ်​ ၊ ငပိ​ထောင်း ၊ ဆပ်​ပြာ ၊ လက်​ဖက်​ ၊ အဝတ်​အထည်​ ၊ င​ခြောက်​​ကြော်​ ၊ ဓာတ်​ဆား ၊ ဆား နှင့်​ ​ဆေးဝါးများကို လည်း​ကောင်း ​ပေးအပ်​လှူဒါန်းရာ ချင်းဆိပ်​​ကျေးရွာမှ အုပ်​ချုပ်​​ရေးမှူးဖြစ်​သူ ဦးဦး​ရွှေသိန်းမှ လက်​ခံရယူခဲ့​ကြောင်း သိရသည်​။

ထို့​နောက်​ အခြား​ကျေးရွာများဖြစ်​ကြ​သော တောတန်း နှင့်​ ဒုံကြီး​ကျေးရွာများသို့  ​လည်း လူဦး​ရေ ၊ အိမ်​​ထောင်​စုအလိုက်​ အလှူပစ္စည်းများ ခွဲ​ဝေ​ပေးထားနိုင်​ခဲ့​ကြောင်း သိရသည်​။

မင်းမြတ်​ခိုင်
(​လေးမြို့ သတင်းမီဒီယာ)



SHARE THIS
Previous Post
Next Post