မင်းပြားရှိ ရေ​ဘေးသင့်​ကျေးရွာအများစုတွင်​ ကျန်းမာ​ရေးကူညီ​စောင့်​​ရှောက်​မှုများ လိုအပ်​​နေ


(သြဂုတ်​လ ၈ ၊ မင်းပြား)

ရေပြန်​ကျပြီး​ ရက်​သတ္တပတ်တစ်​ခုကြာပြီး​နောက် ​ရခိုင်​ပြည်​နယ်​ ၊ မင်းပြားရှိ ​ကျေးရွာများ၌ နာမကျန်းဖြစ်​​နေသူများရှိ​နေပြီး
ဆေးကုသရန်​ အခက်​အခဲရှိ​နေ​ကြောင်း ​ရေ​ဘေးသင့်​ ​ကျေးရွာများအား ကူညီ​ထောက်​ပံ့​ပေး​နေသည့်​ ဇ-​ဖောင်​​ဒေးရှင်းမှ ​ခေါင်း​ဆောင်​တစ်​ဦးဖြစ်​သူ ကိုညီညီ​အောင်၏ ​ပြောကြားချက်​အရ သိရသည်​။

``​ရေကန်​​တွေ နစ်​သွားလို့  ​ရေမသန့်တာ ၊ ရာသီဥတုအ​ပြောင်းအလဲ​တွေ​ကြောင့်​ ဖျားတာနာ​တွေက ရွာတိုင်းမှာလိုပဲ ရှိတယ်​၊
အဲ... မ​နေ့ က ခါသာရွာမှာဆိုရင်​ ​ဖျားနာ​တဲ့  သူ​တွေက ​လေး၊ငါးဆယ်​​လောက်​​တောင်​ ရှိတယ်​´´ဟု ခါသာရွာသို့  ကိုယ်​တိုင်​သွား​ရောက်​ကျန်းမာ​ရေးကူညီ ​စောင့်​​ရှောက်​​ပေးခဲ့သူ ဇ-​ဖောင်​​ဒေးရှင်းမှ ကိုဝင်းလှိုင်​က ​လေးမြို့ သို့ ​ပြောကြားသည်​။

ရခိုင်​ပြည်​နယ်​ မင်းပြားရှိ ​ရေ​ဘေးသင့်​ပြည်​သူများအား ကူညီကယ်​ဆယ်​​ပေး​နေသည့်​ NGO အဖွဲ့  အစည်းများ ၊ ​စေတနာရှင်​အဖွဲ့ များ ၂၀ ​ကျော်​ ၃၀ ခန့် ​လောက်​ရှိ​နေ​သော်​လည်း ​ဆေးဝါးနှင့်​ ကျန်းမာ​ရေးကူညီ​စောင့်​​ရှောက်​​ပေးသည့်​ အဖွဲ့ အစည်းမှာ ၂ ဖွဲ့  ၊ ၃ ဖွဲ့  သာ ရှိ​သဖြင့်​ ထိ​ရောက်​မရှိ​နိုင်​​ကြောင်း​ ​မင်းပြားမြို့ နယ်​ ၊ နားပဲ့ ​ချောင်း​ကျေးရွာမှ ​ကျောင်းထိုင်​ဆရာ​တော်​ က ​ပြောကြားသည်​။

ခါသာရွာတွင်​ ​နေမ​ကောင်းဖြစ်​​နေသူ ၅၀ ​ကျော်​ ၆၀ ခန့် ရှိ​နေပြီး အများစုမှာဖျားနာခြင်း​​ နှင့်​ ဝမ်း​လျှော၊ဝမ်းပျက်​​ဝေဒနာကို ခံစားလျက်​ရှိ​ကြောင်း ၊ နားပဲ့​ချောင်းရွာတွင်​ လူ ၃၀ ခန့် ​လောက်​က​ ဖျားနာ​နေကြပြီး ဝမ်း​ရောဂါဖြစ်​ပွား​နေသူ အနည်းငယ်​ရှိ​ကြောင်းနှင့်​ ​ဆေးဝါးမ​လောက်​ငှ၍ အခက်​အခဲ များရှိခဲ့​ကြောင်း  ဇ-​ဖောင်​​ဒေးရှင်းမှ ​ကျန်းမာ​ရေးတာဝန်​ခံ​ ကိုဝင်းလှိုင်​က ​ပြောကြားသည်​။

ထို့ အတူ မင်းပြားရှိ အခြား​ရေ​ဘေးသင့်​​ရွာများတွင်​လည်း ​ရေ၊ဆန်​၊နှင့်​ ကျန်းမာ​ရေးကူညီ​စောင့်​​ရှောက်​မှုများ လိုအပ်​လျှက်​ရှိ​နေ​ကြောင်း သိရသည်။

မင်းမြတ်​ခိုင်
(​လေးမြို့  သတင်းမီဒီယာ)



SHARE THIS
Previous Post
Next Post