နေပြည်တော် ၊ လေးမြို့ 
ဇန်နဝါရီ ၁၂ ရက် ၊ ၂၀၁၆
အပစ်ရပ်စာချုပ်လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များကို သံသယစိတ်မထားဘဲ ငြိမ်းချမ်းရေးတံခါးဖွင့်ထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၁၂ ရက်(ယနေ့  ) ကျင်းပပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ပြောဆိုလိုက်ကြောင်း Mizzima သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ထို့ပြင် ယနေ့အဆိုပါအခမ်းအနားသို့  တက်ရောက်ခဲ့သည့် ပြည်ထောင်စု လွှတ်တော်နယက သူရဦးရွှေမန်းကလည်း " ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင် တွေနှင့် အဖွဲ့အစည်းတွေက သဘောထားကြီးကြဖို့လိုပါတယ်။ အချင်းချင်း စိတ်ရှည်သည်းခံဖို့၊ နားလည်ခွင့်လွှတ်နိုင်ကြဖို့၊ လေးစားကြဖို့၊ ယုံကြည်ကြဖို့၊ မျှမျှတတ ပြောဆိုဆက်ဆံကြဖို့၊ ရိုးသားပွင့်လင်းကြဖို့လိုပါတယ်။ ဒါတွေ ပါဝင်ခြင်း မရှိပါက ငြိမ်းချမ်းရေးအတွက် အိပ်မက်ပင် မက်နိုင်ကြမှာ မဟုတ်ပါဘူး။"လို့ ပြောကြားခဲ့ကြောင်း Kamayut Media တွင် ဖော်ပြထားသည်ကို တွေ့ ရသည်။
ထို့ ပြင် အဆိုပါညီလာခံသို့  တက်ရောက်ကာ မိန့် ခွန်းစကားပြောကြားခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်ကလည်း " တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် မလွဲမသွေ ပူးပေါင်းဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်းကြားမှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စိတ်ဝမ်းမကွဲပြားဖို့ အရေးကြီးပါတယ်။" ဟု ပြောကြားခဲ့ကြောင်း Eleven News ၏ ဖော်ပြချက်အရ သိရသည်။
လတ်တလော ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြည်တွင်း၌ ဖြစ်ပွားနေဆဲဖြစ်သော အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား တိုက်ပွဲများအား အဆုံးသတ်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က " နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ချမှတ်ခြင်းမှာ အခြေအနေ အချိန်အခါအရ လိုအပ်သလို ပြုသာပြင်သာ ဖြစ်ရန် လိုအပ်ပါတယ်။" ဟု ပြောကြားခဲ့ကြောင်း သိရသည်။
မင်းမြတ်ခိုင်(လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)