(Political News)
Jan 21 , 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD သည် လွှတ်တော်အတွင်း ဥပဒေပြင်ဆင်ရေးအတွက် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးခဲ့သည့်အချိန်များက သမ္မတက ၀န်ကြီးချူပ်ကို ခန့်မယ့်အစား သက်ဆိုင်ရာ လွှတ်တော်က ၀န်ကြီးချူပ်ကို ရွေးချယ်ဖို့ NLD က တင်ပြတောင်းဆိုပြီး ယခု NLD အနိုင်ရလာအခါ ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်က ခန့်အပ်ခွင့်မပေးတော့ဘဲ ဗဟိုကသာ ချုပ်ကိုင်ခန့်အပ်မည်ဟု ဆိုလာသဖြင့် NLD သည် အပြောနဲ့ လက်တွေ့ မညီဟု ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဝေဖန်ပြောကြားလိုက်ကြောင်း သိရသည်။
"ဖွဲ့စည်းပုံအရ နိုင်ငံတော် သမ္မတက ကြိုက်နှစ်သက်သူ ဘယ် လွှတ်တော်ကိုယ်စားလှယ်မဆို ပြည်နယ်ဝန်ကြီးချူပ်အဖြစ် တာဝန်ပေးလို့ရတယ် ဆိုပေမယ့် မိမိပါတီကမှ ဖြစ်ရမယ်၊
အခြား ပါတီက မဖြစ်ရဘူးလို့ ဖော်ပြထားခြင်း မရှိပါ။ ဒါကြောင့် ANP က ကိုယ်စားလှယ်ကို ၀န်ကြီးချူပ်အဖြစ် တာဝန်ပေးခြင်းဟာ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်ခြင်း လုံးဝမရှိပါ။ အခြားတဘက်မှာ NLD သမ္မတက သူတို့ ပါတီက တစ်ဦးဦးကို ၀န်ကြီးချူပ် ခန့်တာ အပြစ်လား၊ ဖွဲ့စည်းပုံကို ဆန့်ကျင်လားလို့ မေးရင် မရှိဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် NLD ဟာ အပြောနဲ့ အလုပ်မညီသူလို့ ပြောရပါမည်။ ဘာကြောင့်ဆိုတော့ လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရန် ဆွေးနွေးခဲ့တဲ့ အချိန်တွေတုန်း သမ္မတက ၀န်ကြီးချူပ်ကို ခန့်မယ့်အစား သက်ဆိုင်ရာ လွှတ်တော်က ၀န်ကြီးချူပ်ကို ရွေးချယ်ဖို့ NLD က တင်ပြခဲ့တဲ့ လွှတ်တော် မှတ်တမ်း ရှိပါတယ်။ ဒါကြောင့် အပြောနဲ့ အလုပ်မညီသူလို့ NLD ကို ပြောနိုင်ပါတယ်"ဟု RIA တွင် ဖော်ပြထားသည်။
မောင်လူအေး (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)