Showing posts with label အယ်ဒီတာ့အာဘော်. Show all posts
Showing posts with label အယ်ဒီတာ့အာဘော်. Show all posts
ကမ္ဘာအသက်အကြီးဆုံး ဂင်းနစ် မှတ်တမ်းတင်ခံခဲ့ရသူထက် အသက်ကြီးသူ ကလေးမြို့တွင် တွေ့

ကမ္ဘာအသက်အကြီးဆုံး ဂင်းနစ် မှတ်တမ်းတင်ခံခဲ့ရသူထက် အသက်ကြီးသူ ကလေးမြို့တွင် တွေ့


Saturday, May 18, 2013

ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံတော်ချိန်တွင် မှတ်တမ်းတင်ခံခဲ့ရသော
ဂျပန်အမျိုးသား Jiroman Kimura ထက် အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး
မြန်မာနိုင်ငံကလေးမြို့တွင် တွေ့ရကြောင်း ချင်းဘာသာ စာပေဖြင့် ဒေသတွင်း
ထုတ်ဝေသော the chin times journal အတွဲ အမှတ် (၂၃)တွင် ဖော်ပြချက်အရသိရသည်။
အဆိုပါ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ်ဂင်းနစ်မှတ်တမ်းတင်ခံခဲ့ရသော
ဂျပန်အမျိုးသားကြီး သည် ၁၈၉၇ခုနှစ်တွင် မွေးဖွား ခဲ့ပြီး အသက်မှာ (၁၁၆)
နှစ်ရှိပြီးဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးခဲ့သော
ဂျပန်အမျိုးသားကြီးထက် ယခုအခါ အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး
မြန်မာနိုင်ငံတွင် ပေါ်ထွက်လာခဲ့ပြီးဖြစ်သည်။
ကမ္ဘာ့အသက်အကြီးဆုံးစံချိန်တင်ခဲ့သော ဂျပန်အမျိုးသားကြီးအထက်
အသက်ပိုကြီးသော သူမှာ အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး ယခုလက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စမ်းမြို့(၁)ရပ်ကွက်တွင်
နေထိုင်လျှက်ရှိသည်။ သူမ၏ နာမည်မှာ Hme Thluai ဖြစ်ပြီး ချင်းအမျိုးသမီး
တိုင်းရင်းသူတစ်ဦးဖြစ်သည်။ သူမ၏ မွေးသက္ကရာဇ်မှာ ၁၈၉၅ ခုနှစ်ဖြစ်သဖြင့်
ယခုအခါ အသက် (၁၁၈) နှစ်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးမြို့
လ၀ကဌာနမှ အထောက်အထားခိုင်လုံစွာဖြင့် အတည်ပြုချက် ပေးထားပြီဖြစ်သည်။

ချစ်သူမောင်

ပြည်သူ့ ကိုယ်စားပြုမီဒီယာ (သို့ ) လေးမြို့ 

ပြည်သူ့ ကိုယ်စားပြုမီဒီယာ (သို့ ) လေးမြို့ 


လေးမြို့ သတင်းမီဒီယာသည် ပြည်သူ့ တို့ ၏ကောင်းကျိုးကို ရှေ့ ရှု၍ လွှင့်တင်ထားခြင်းဖြစ်ရာ လေးမြို့ သည် မည်သည့်အစိုးရ ၊ အာဏာပိုင်အဖွဲ့ အစည်း ၊ နိုင်ငံရေးပါတီ ၊ လူမှုအဖွဲ့ အစည်း နှင့်မှ လုံးဝ
ပတ်သက်မှုမရှိပါကြောင်း မိဘပြည်သူများသိရှိစေရန် ကြိုတင်အသိပေးအပ်ပါသည်။ ကျွန်ုပ်တို့ လေးမြို့ သတင်းမီဒီယာသည် လက်ရှိဖြစ်ပျက်နေသော သတင်းအဖြစ်အပျက်များကို အချိန်နှင့်တပြေးညီ ကြိုးစားတင်ဆက်ပေးနေပါပြီ။ ထို့ ကြောင့် အနယ်နယ်အရပ်ရပ်မှ ၀င်ရောက်ကြည့်ရှုသူမိဘပြည်သူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။

                                                                                                   အယ်ဒီတာ
                                                                                            (လေးမြို့ သတင်းမီဒီယာ)