2012 မှာ တကယ်ပဲ ကမ္ဘာပျက်မှာလား (၂၀၁၂ Dec 21 is really our Doomsday?)

ဒီပို့စ်ကို တင်သင် မတင်သင့်တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြားအကြောင်းအရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ်အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်းမြတ်စွာဘုရားဟောကြားခဲ့တဲ့ ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။ အခုကျွန်တော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဋ္ဌာနဲ့ ပါတ်သက်တဲ့ Youtube Video အကြောင်းပါ၊ အဓိကအကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ ကိစ္စပါ၊ အဲဒီဗွီဒီယိုတွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ Keyword တွေနဲ့ အလွယ်တကူရှာတွေ့နိုင်ပါတယ်။ သူတို့တွေပြောတဲ့ ဦးတည်ချက်ကတစ်ခုထဲပါ၊ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ အကြောင်းအရာပါ၊ ဘာကြောင့်ပျက်မှာလဲ၊ ဘယ်လိုပျက်မှာလဲ၊ သူတို့ရေးတဲ့အတိုင်း ကျွန်တော်ပြန်ရေးပါ့မယ်၊ အောက်မှာရေးထားတဲ့ အကြောင်းအရာဟာ ကျွန်တော့ စာသားမဟုတ်ပါ၊ သူတို့ရေးထားတာကို တိုက်ရိုက်ဘာသာပြန်ပေးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်က အချို့သော အကြောင်းအရာတွေဟာ ရှင်းပြနိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ကြပါဘူး၊ ဥပမာ - Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိရှိနေဆဲပါ။ သူတို့ကို ဘယ်သူတည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လိုဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး၊ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က သြစတေးလျ နဲ့ ချီလီ အကြေားက ပစိဖိတ်ရေပြင်ကျယ်ကြီး အလယ်လောက်မှာရှိတာ၊ ဘယ်တုန်းက များ ရှေးဟောင်းလူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ၊ ကျွန်တော် အခုရှင်းပြမယ့် အကြောင်းအရာကလည်း သေချာရှင်းမပြနိုင်တဲ့ အကြောင်းအရာတစ်ခုပါ၊ အဲဒီနေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျွန်တော်လိုပဲ ခင်ဗျားလည်း အံ့အားသင့်မယ် မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြနှင့်ပြီးသားဖြစ်နေလို့ပါ။ ဘာကိုသိနေကြတာပါလဲ၊ အခုဘယ်သူတွေက ကျွန်တော်တို့ ကမ္ဘာနဲ့ ပါတ်သက်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြရအောင်ပါ။ Nostradamus ကပြောပါတယ်၊ စကြာဝဋ္ဌာအတွက်းက ကြီးမားလှတဲ့ အရာစတ္ထုတစ်ခုဟာ ကျွန်တော်တို့ ကမ္ဘာဆီူကို ဦးတည်ပြီးလာနေပါတယ်၊ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ်ပြည့်ပြီး ၂၀၁၂ ခုနှစ်မျာ ကျွန်တော်တို့ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ၀င်တိုက်မိမှာတော့ မဟုတ်ပါဘူး၊ Albert Einstein က Pole Shift နဲ့ပါတ်သက်ပြီး သတိပေးခဲ့ပါတယ်၊ Ploe Shifting အချိန်မှာ လူသားတွေ အပြင်းအထန်ခံစားရမယ်ဆိုတာပါ။ မာယန် ပရောက်ဖက်တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံသတ်အမှတ်ဖြစ်နေပါတယ်၊ စက်ဝန်ကြီး တစ်ခုရဲ့ အဆုံးမှတ်ဖြစ်ပါတယ်၊ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0) 11th August 3114 BC မှာ စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာဆုံးပါတယ်၊ အခြားအခြားသော အရာတွေ အားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်၊ မေးခွန်းတစုံ ရှိပါတယ်၊ ၂၀၁၂ မှာ သေချပေါက် ဖြစ်မယ်မှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကိ အသိမပေးတာလဲ၊ သူတို့ကမ္ဘာပေါ်ကလူသားတွေ အားလုံးသိသွားကြရင် လူတွေ အားလုံးအသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့အတွက် အခွင့်အလမ်းနည်းသွားမှာ စိုးလို့ဖြစ်ပါတယ်၊ အခုဖေါ်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ၊ ၁၉၈၂ ခုနှစ်မှာ NASA ဟာ extra solar Planet တစ်ခုကို စပြီး သတိထားမိခဲ့ပါတယ်၊ ၁၉၈၃ ခုနှစ်မှာ နာဆာဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ Satelliet က ဂျူပီတာဂြိုလ်လောက် ကြီးမားတဲ့ Object တစ်ခုကို တွေ့ရှိခဲ့ပါတယ်၊ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်၊ ၂၀၁၂ ခုနှစ်မှာ Planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ၀င်ရောက်ဖြတ်သန်းပါမယ်။ သူဖြတ်သန်းမယ့် အနေအထားကတော့ ပုံမှာပြထားတဲ့ အတိုင်ပါပဲ၊ အဲဒီအချက်ကြောင့် Atlantic မြို့ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့ လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေအနေမျိုး ၂၀၁၂ နှောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်၊ နေစရာ ကမ္ဘာတစ်ခုပဲရှိတဲ့အတွက် အလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်၊ Stonehenge နဲ့ Easter Island အကြောင်း ကျွန်တော်တို့ ဘာလို့ မသိတာလဲ၊ ဖြစ်နိုင်တာက အရင်ကလူတွေ တည်ဆောက်ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး သေဆုံးသွားတဲ့အခါ အသစ်ဖြစ်လာတဲ့ ကျွန်တော်တို့က မသိတာဖြစ်နိုင်ပါတယ်၊ Nibiru ဟာ ၂၀၀၉ ခုနှစ်မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထုအဖြစ် သာမာန်မျာက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်၊ သူဟာအပေါ်ကို တက်လာနေတာဖြစ်တဲ့အတွက် ကမ္ဘာ့တောင်ဘက် အဖျားပိုင်းတွေမှာ သာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစားဖြစ်လာပါလိမ့်မယ်၊ ဒုတိယမြောက် နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစားလောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်၊ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျင်အကြီးအကျယ် လှုပ်ပြီး ရေးကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်၊ ဒါပေမယ့် အဆိုးဆုံးက အခြေအနေက ၂၀၁၃ ဖေဖေါ်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီနေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်၊ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာ Pole Shifting အကြီးအကျယ်ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ်ပြန်လည်ဖွဲ့စည်းစေမှာပါ၊ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည်နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင်ဆွဲငယ်အားက ကမ္ဘာကြီးကို ၃ရက် တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်၊ အင်မတန်ကြီးမာတဲ့ ငလျင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ်အပိုင်းပိုင်း ကွဲထွက်ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောက်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာလူဦးရေ သန်းရာပေါင်းအနည်းငယ်သာ အသက်ရှင်ကျန်ပါမယ်၊ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည်ဖွဲ့စည်းပါလိမ့်မယ်၊ ၂၀၁၄ ဂျုလိုင် ၁ရက်နေ့ကစပြီး Nibiru ဟာ ကျွန်တော်တို့ ကမ္ဘာပေါ်မှ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျွန်တော်တို့နဲ့ ဝေးရာ စကြ၀ဋ္ဌာဆီကို ပြန်လည်ထွက်ခွာသွားပါလိမ့်မယ်၊ အပေါ်မှာ ရေးပြခဲ့တာတွေကတော့ Youtuve Video တွေထဲက တစ်ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်၊ အရာအားလုံးသည် သင်္ခါရဆိုပေမဲ့ ၂၀၁၂ ဆိုတာတော့။ from Thit Htoo Lwin blog

SHARE THIS