ရန်ကုန်၊ ဒီဇင်ဘာ ၂၉
လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်း အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်းမှတ် အဖြစ် ဒီဇင်ဘာ ၂၉ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့  တော် နှင့် မုံရွာမြို့  တို့တွင် ပြည်သူများ၊ သံဃာများနှင့် ကျောင်းသားများ ထပ်မံဆန္ဒ ဖော်ထုတ် ခဲ့ကြသည်။
ဖော်ပြထားသော ပုံမှာ လက်ပံတောင်း တောင် သပိတ်ဖြိုခွင်းမှု တစ်လပြည့် အထိမ်းအမှတ် အဖြစ် ရန်ကုန်တွင် ၂၉ရက်နေ့ ညနေပိုင်း က ဆန္ဒပြရာ၌ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်ရှေ့ ခေါင်းတလား နှစ်လုံးဖြင့် သရုပ်ပြ ဆန္ဒ ဖော်ထုတ် နေကြခြင်း ဖြစ်သည်။
ရန်ကုန် ဆန္ဒပြပွဲတွင် ကျောင်းသား များနှင့် ပြည်သူများ ဦးဆောင် လှုပ်ရှားသူများ အင်အား ၅၀ ကျော်က ဆူးလေ ဘုရားအနီး လူစု ခဲ့သည်။ ယင်းနောက် ညနေ ၄ နာရီမှ စတင်၍ ဗီနိုင်းများ၊ ပိုစတာများ သယ်ဆောင်ကာ ၅၁ လမ်းရှိ ဦးပိုင် ကုမ္ပဏီ ရှေ့ထိ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြကြကြောင်း ဦးဆောင် လှုပ်ရှားသူ ဦးဟန်ဝင်းအောင် က The Voice Weekly သို့ ပြောကြားသည်။
ဆန္ဒပြပွဲတွင် သပိတ် စခန်းတွင်း ဆန္ဒပြ ခဲ့သည့် သံဃာ များအား အကြမ်းဖက် နှိမ်နင်း ခဲ့သည့် တရားခံကို အမြန် ဖော်ထုတ် ပေးရေး နှင့် ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေးကို အဓိက တောင်းဆို ခဲ့ကြကြောင်း ၄င်းက ပြောကြားသည်။
"ကြေးနီ စီမံကိန်း ဆန္ဒပြတဲ့ သူတွေကိုတော့ အရေးယူပြီး အကြမ်းဖက် ဖြိုခွင်းတဲ့ သူတွေကို အခုချိန်ထိ အရေးမယူသေးလို့ ဆန္ဒဖော်ထုတ် ရတာပါ" ဟု ဆန္ဒပြသူ ဦးမျိုးချစ်က ပြောကြားသည်။
သူသည် အဆိုပါ စီမံကိန်းအတွက် ဆန္ဒဖော်ထုတ်ခြင်း ကြောင့် ပုဒ်မ ၅၀၅(ခ)နှင့် ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆို ခံထားရသူ တစ်ဦးလည်း ဖြစ်သည်။
ဒီဇင်ဘာလ၂၉ရက် နေ့သည်အကြမ်းဖက် နှိမ်နှင်းခဲ့သည့် တစ်လမြောက်နေ့ ဖြစ်သော်လည်း ယခုထိ ဖြိုခွဲသူ များအား ထုတ်ဖော် အရေးယူခြင်း မရှိသေးသည့် အတွက် ကြေးနီစီမံကိန်း ဒေသခံ တောင်သူ၂၀၀ ခန့်နှင့် သံဃာတော် အချို့သည် လည်း ၂၉ရက်နေ့ ညနေ ၃နာရီ အချိန်မှ စတင်ပြီး မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီး မြို့နယ်၊ ညောင်ပင်ကြီး ဆိပ်ကမ်းတွင် ဆန္ဒပြခဲ့ကြကြောင်း မုံရွာမြို့  ပြည်သူများ ထံမှ သိရသည်။
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် အတွင်းရှိ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းမှာ စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ် အမျိုးသားပိုင် ဝမ်ပေါင် ကုမ္ပဏီတို့ ၂ဝ၁၁ခုနှစ်မှ စတင်ပူးပေါင်း ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်သည်။ ယင်းစီမံကိန်းရှိ ဆာလဖျူရစ် အက်ဆစ် စက်ရုံနှင့် စွန့်ပစ်ပစ္စည်းများက ဒေသ တစ်ဝိုက်ရှိ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် နေကြောင်းလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ထောက်ပြ ပြောဆိုကြသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ဘုရင့်နောင် ခုံးကျော် တံတား တည်ဆောက်ရေး လုပ်ငန်း ၇ဝ ရာခိုင်နှုန်း ပြီးစီး Friday, June 21, 2013 ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တောင့်မှု ပြေလျော့စေရေး အတွက် တည်ဆောက်နေသော
Appleက iPhone 5ကြောင့် သေဆုံးမှု မှန်ကန်လျှင် အဖြစ်မှန်အား ဖော်ထုတ်မည် Appleဟာ မကြာသေးခင်ကေ
တေးသံရှင် ဒိုးရီ ၏ ဇနီး ဓါးထိုး သတ်ဖြတ်ခံရ စစ်တွေ ၊ ၁၇ ဇွန်လ ၂၀၁၃ ၊ Coral Arakan News ၊ [ ကြားဖြတ်သတင်း ] ရခိုင်တေးသံရှင် ဒိုးရီ ၏ ဇနီြး
အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် လေးဆူ အောက်တိုဘာ ၅ ရက်မှ ၂၁ ရက်အထိ ဒေသစာရီ ကြွချီ အပူဇော်ခံမည် Saturday, 17 August 2013 အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူသည် နှစ်စဥ
ကမန် အဖြစ် ပြောင်းလဲ့သွားသည့် ဘင်္ဂလီတွေကို စောင့်ကြည့်ဖို့ အချိန်တန်နေပြီ၊ အခု ရန်ကုန်မှာ ဘဂ်လီကုလားတွေ မှတ်ပုံတင်ပျောက်တယ်ဆိုပြီး အသစ်လုပ်နေကြတယ်၊ မှတ်ပုံတင်ရုံးမှ
သတင်းစာ လွတ်လပ်ခွင့်အပေါ် နောက်ကြောင်း ပြန်လှည့်တာတွေရှိကြောင်း CPJ ဝေဖန် မြန်မာအာဏာပိုင်တွေအနေနဲ့ သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ လက်တွေ့အကောင်အထည်ဖော်ဖို့ ပျက်
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)