ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ သူများဆီက ဆေးလိပ်အငွေ့ ရှူနေရသူတွေနဲ့ ဦးနှောက် ယိုယွင်းမှုဟာ သိသိသာသာကို ဆက်စပ်နေတယ်ဆိုတာကို တရုတ်နိုင်ငံက ပြုလုပ်တဲ့ လေ့လာမှု တရပ်က ပထမဆုံးအကြိမ်အဖြစ် ဖော်ထုတ်လိုက်ပါတယ်။
Passive Smoking လို့ခေါ်တဲ့ သူများသောက်တဲ့ ဆေးလိပ်ငွေ့ ရှူရတာကြောင့် နှလုံးရောဂါနဲ့ အဆုတ်ကင်ဆာတို့ကို ဖြစ်စေနိုင်တယ် ဆိုတာကိုတော့ သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ဆေးလိပ်သောက်သူ သန်းပေါင်း ၃၅၀ ကျော်ရှိပြီး ကမ္ဘာပေါ်မှာ ဆေးလိပ် အသောက်ဆုံးနိုင်ငံ ဖြစ်ပါတယ်။
အသက်အရွယ်ကြီးရင့်သူဦးရေ တိုပွားလာတာနဲ့အမျှ ဦးနှောက်ယိုယွင်းမှု ဝေဒနာရှင်လည်း အများဆုံးရှိတဲ့နိုင်ငံပါ။
လန်ဒန် King's ကောလိပ်နဲ့ Anhui ဆေးတက္ကသိုလ်တို့က သုတေသီတွေဟာတရုတ်နိုင်ငံ၊ နယ်ငါးခုက အသက် ၆၀ ကျော် လူ ၆ ထောင်လောက်အတွက် သူတို့ရဲ့ ဆေးလိပ် သောက်သုံးမှု၊ ဆေးလိပ် အငွေ့ ရှူရှိုက်ရမှုနဲ့ ဦးနှောက်ယိုယွင်းမှု အခြေအနေတို့ကို စိစစ်မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။
လူတွေအတွက် ဆေးလိပ်ငွေ့ကနေ အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း ဒီလေ့လာချက် က ဖော်ပြနေတယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရိုလင်းချဲန်းက ဆိုပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၁ % လောက်ပဲ လူစုလူဝေးထဲမှာ ဆေးလိပ်သောက်ဖို့ ပိတ်ပင်ထားတဲ့နိုင်ငံတွေ မှာ နေနေကြတာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။
VOA News
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်ကြောင်း သုတေသနပြုတွေ့ရှိ မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်သည်ဟု သုတေသနပြုတွေ့ရှိထားကြောင်း သိရသည်။
အသက် ၅ဝ ကျော် အရွယ်တွင် ဆေးလိပ် ဖြတ်ပါက လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ဖြစ်ပွားမှုအား ၄ဝ ရာခိုင်နှုန်း လျှော့ချ ပေးနိုင် ထက်မြက် လူလတ်ပိုင်း အရွယ်နှင့် နောက်ပိုင်းတွင် ဆေးလိပ် ဖြတ်ပါက ကျန်းမာရေး အတွက် ကောင်းက
ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့ Cordyceps capsules (ဆောင်းပိုးနွေမြက်)ကို သုံးကြစို့  (၁၄.၈.၂၀၁၃ - လေးမြိ&
ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း ငါးခု အစားထိုး ကုသမှု ခံယူထားသော အမျိုးသမီး အောင်မြင်စွာ ကလေး မွေးဖွားနိုင်ခဲ့ အူသိမ်၊ အူမ၊ အစာအိမ်၊ ပန်ကရိယနှင့် အသည်းတို့အား အစားထိုး ကုသထားသော အသက် ၂၆ နှစ် အရွယ်ရှိ
လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၃ (1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ် အပိုင်းတွေ မရှိ
မကြာခဏ ဖြစ်လေ့ ဖြစ်ထရှိသော ကျန်းမာရေး ပြဿနာများ လူအများစု ကြုံတွေ့ ရတတ်တဲ့ ကျန်းမာရေး ပြ
Previous Post
မြန်မာပြည်တွင် ဤတောင် မရှိပါ
မြန်မာပြည်တွင် ဤတောင် မရှိပါ
Next Post
စပျစ်သီးမှ ကုသပေးသော ရောဂါများ
စပျစ်သီးမှ ကုသပေးသော ရောဂါများ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)