KNU ခေါင်းဆောင် ဖဒိုဒေးဗစ်ထော အမှတ်တရခမ်းမဘားအံတွင် ဆောက်မည်

 
KNU ခေါင်းဆောင် ဖဒိုဒေးဗစ်ထော အမှတ်တရခမ်းမ ကရင်ပြည်နယ် ဘားအံတွင် ဆောက်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြား

အောက်တိုဘာလ ၁၄ ရက်နေ့ ညက ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ စစ်ဆေးရုံ၌ အဆုတ်ရောဂါဖြင့် ကွယ်လွန် ခဲ့သည့် KNU ဗဟို တရားရေး တာဝန်ခံ ဖဒိုဒေးဗစ်ထော အမှတ်တရ အစည်းအဝေးခန်းမကို ကရင်ပြည်နယ် ဘားအံမြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အရ သိရသည်။

ဇန်န၀ါရီလ ၆ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Centre) တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဖဒိုဒေးဗစ်ထောကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင်ပြည်နယ် ဘားအံမှာ ခန်းမတစ်ခု ဆောက်လုပ်သွားမှာပါ။ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံတဲ့အခါ အစည်းအဝေးတွေ ပြုလုပ်ဖို့ ခန်းမတစ်ခုဆောက်ပြီး အဲဒီခန်းမကို ဗဒိုဒေးဗစ်ထောနာမည် ပေးသွားမှာပါ'' ဟု ပြည်ထောင်းစုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

Eleven

SHARE THIS