ကြည့်မြင်တိုင်၌ ခြင်ဆေးမှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

Tuesday, February 19, 2013

ဖေဖော်ဝါရီလ(၁၈)ရက် ညနေ(၃)နာရီခွဲဝန်းကျင်က ကြည့်မြင်တိုင်မြို့နယ်
ဈေးကြီးရပ်၊ ရတနာပုံ အောက်လမ်း အိမ်အမှတ် (၃၁) နှစ်ခန်းတွဲ ခုနှစ်ထပ်တိုက် (၅)လွှာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်

အဆိုပါ မီးလောင်ကျွမ်းမှုမှာ ကုတင်ပေါ်တွင် ခြင်ဆေးခွေထွန်းထားရာမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်ဦးစီးဋ္ဌာန၏ ထုတ်ပြန်ချက်
အရသိရှိရသည်။

“စလောင်တော့ မီးကများတယ်။ မီးသတ်ကားရောက်လာတဲ့အခါ အထဲကိုမ၀င်ပဲ အပြင်ကနေ ပိုက်နဲ့အရင် ဖြန်းတယ်။ ၁၀ မိနစ် ၁၅ မိနစ်လောက်ဖြန်းတော့ မီးခိုးအဖြူလုံးတွေထွက်လာပြီး မီးသေသွားတော့မှ အထဲကိုဝင်ဖြန်းတယ်။ ဒဏ်ရာရတာတော့ မတွေ့ဘူး”ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ကုတင်၊မွှေ့ရာ၊တီဗွီ၊ အိမ်အသုံးအဆောင် ပစ္စည်းအချို့ဆုံးရှုံးမှုရှိခဲ့ပြီး မီးသတ်ဦးစီးမှ ဆုံးရှုံးမှုတန်ဖိုး ကျပ်(၁)သိန်း သတ်မှတ်ထားသည်။

“ဒီနားမှာက မီးကလည်းပြတ်တာ များတယ်။ ခဏ ခဏလည်း မီးလန့်
တာတွေဖြစ်တယ်။ တလောကလည်း ဒီနားလေးမှာပဲ ၀ါယာလျော့ကနေ မီးလောင်မှုတစ်ခုဖြစ်ခဲ့သေးတယ်”ဟု ရတနာပုံလမ်းနေ ရပ်ကွက်သား
တစ်ဦးကပြောသည်။

အဆိုပါ မီးလောင်ရာနေရာသို့ စမ်းချောင်းမြို့နယ်မှ (၁)စီး၊ ကြည်မြင်တိုင်
မြို့နယ်မှ (၂)စီး စုစုပေါင်း မီးသတ်ကား(၃)စီးဖြင့် လာရောက်ငြိမ်းသတ်
ခဲ့ရကြောင်း သိရှိရသည်။

ကြည့်မြင်တိုင်မြို့နယ်၌ လျှပ်စစ်မီးပြတ်တောက်မှုမှာ ယခုရက်ပိုင်းတွင် ကြိမ်ဖန်များစွာဖြစ်ပေါ်လျှက် ရှိပြီး မီးလန့်မှုမှာလည်း မကြာခဏဖြစ်ပေါ်လျက်
ရှိကြောင်း ရပ်ကွက်နေပြည်သူများထံက သိရသည်။

Myit Makha Mediagroup

ကြည့်မြင်တိုင်၌ ခြင်ဆေးမှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
Tuesday, February 19, 2013 

ဖေဖော်ဝါရီလ(၁၈)ရက် ညနေ(၃)နာရီခွဲဝန်းကျင်က ကြည့်မြင်တိုင်မြို့နယ်
ဈေးကြီးရပ်၊ ရတနာပုံ အောက်လမ်း အိမ်အမှတ် (၃၁) နှစ်ခန်းတွဲ ခုနှစ်ထပ်တိုက် (၅)လွှာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ 

SHARE THIS