Wednesday, February 27, 2013
ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း
အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့သည့် ဗိုလ်မှူးအဆင့်ရှိသူ
တစ်ဦး အပါအ၀င် KIA အဖွဲ့ဝင်(၄၂)ဦးအားသေဒဏ်အပြစ်ပေးရန်အတွက် ဆုံးဖြတ်ခဲ့ကြောင်းသတင်းရရှိသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် အရေးပေါ်စစ်ဆင်ရေးအစည်းအဝေးတွင် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KIA အရာရှိတစ်ဦးမှ ပြောကြားသည်။
ကချင်ခေါင်းဆောင်အချို့မှ ယခုကဲ့သို့သောကချင်လူမျိုးများအတွက်
အရေးကြီးချိန်တွင် ပြင်းထန်သော ပြစ်ဒဏ်များမပေးသင့်ကြောင်း ၀ိုင်ဝန်းကန့်ကွက်ပြောဆိုခဲ့ကြသဖြင့် သေဒဏ်ပြစ်ဒဏ်ပေးခြင်းအား
ခေတ္တဆိုင်းငံ့ထားကြောင်းသတင်းရရှိသည်။
ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအား
သေဒဏ်မကြာခဏပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလဲ လိုင်ဇာဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ရ၀မ် လူမျိုး(၂)ဦး အားအစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင်ရန် အခြားတပ်ဖွဲ့ဝင်များအားစည်းရုံးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့သေးကြောင်း သိရှိရသည်။
KIA အဖွဲ့တွင် တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များ
ပေးနေခြင်းနှင့်ပတ်သက်၍ ကချင် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်းသိရှိရသည်။
KIAတပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သောလဂျားယန်ဒေသ
စစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊ လိုင်ဇာမြို့အား
ထိန်းချုပ်ထားနိုင်သောအရေးကြီးတောင်ကုန်းများသည် အစိုးရစစ်တပ် လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့် ရိက္ခာဆေးဝါးများ လုံလောက်စွာမရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းလာကာအစိုးရစစ်တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့် ဖြစ်စဉ်များ များပြားလာကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း
အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့သည့် ဗိုလ်မှူးအဆင့်ရှိသူ
တစ်ဦး အပါအ၀င် KIA အဖွဲ့ဝင်(၄၂)ဦးအားသေဒဏ်အပြစ်ပေ
၎င်းကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် အရေးပေါ်စစ်ဆင်ရေးအစည်းအဝေးတွင် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KIA အရာရှိတစ်ဦးမှ ပြောကြားသည်။
ကချင်ခေါင်းဆောင်အချို့မှ ယခုကဲ့သို့သောကချင်လူမျိုးများအ
အရေးကြီးချိန်တွင် ပြင်းထန်သော ပြစ်ဒဏ်များမပေးသင့်ကြောင်း ၀ိုင်ဝန်းကန့်ကွက်ပြောဆိုခဲ့ကြသ
ခေတ္တဆိုင်းငံ့ထားကြောင်းသတင်းရရ
ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအား
သေဒဏ်မကြာခဏပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလဲ လိုင်ဇာဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ရ၀မ် လူမျိုး(၂)ဦး အားအစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင်ရန် အခြားတပ်ဖွဲ့ဝင်များအားစည်းရုံး
KIA အဖွဲ့တွင် တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များ
ပေးနေခြင်းနှင့်ပတ်သက်၍ ကချင် တိုင်းရင်းသားလူမျိုးစုခေါင်းဆေ
KIAတပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သောလဂျားယန
စစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊ လိုင်ဇာမြို့အား
ထိန်းချုပ်ထားနိုင်သောအရေးကြီးေ