Monday, March 11, 2013
အဏုမြူစွမ်းအင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အား
ပြင်ဆင်ဖြည့်စွက်ချက် များနှင့် ပတ်သက်၍ သဘောတူညီချက် ရရှိရန် ခက်ခဲလျက်ရှိခြင်းကြောင့် တောင်ကိုရီးယား နိုင်ငံ အနေဖြင့် အမေရိကန်
နိုင်ငံနှင့် အဏုမြူ စွမ်းအင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက် တိုးမြှင့်ရေးအား စဉ်းစားလျက်ရှိကြောင်း တောင်ကိုရီယား အစိုးရအရာရှိ တစ်ဦးက မတ်လ ၁ဝ ရက်နေ့တွင် ထုတ်ပြန် ပြောကြား ခဲ့ပါသည်။
အရပ်ဘက်သုံး နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ပြင်ဆင်ဖြည့်စွက် ရေးသည် နှစ်နိုင်ငံအကြား သဘောတူညီချက် ပြင်ဆင်ဖြည့်စွက်ရေးနှင့် ပတ်သက်၍ အနှောင့်အယှက် ဖြစ်စေသည့် အဓိကအချက် တစ်ချက်ဖြစ်ကြောင်း သိရှိရပါသည်။
တောင်ကိုရီးယား နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့အကြား ၁၉၇၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက် အမှတ် ၁၂၃ သည် ၂ဝ၁၄ ခုနှစ် မတ်လတွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး လုပ်ထုံး လုပ်နည်း အရ နှစ်နိုင်ငံ အနေဖြင့် သဘောတူညီချက် သက်တမ်းတိုးမြှင့်ရေးနှင့် ပတ်သက်သည့် သဘောတူညီချက်အား ၂ဝ၁၃ ခုနှစ် ပထမ နှစ်ဝက်
အတွင်း ရရှိရမည် ဖြစ်ကြောင်း သိရှိရပါသည်။
မြ၀တီ