ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ရေး
ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်း အောင် သည် မြန်မာ့ဆိပ်ကမ်း
အာဏာပိုင် နန်းသီတာ ဆိပ်ကမ်းမှ ရေယာဉ်ဖြင့် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုး တိုး
တက်ရေး လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးရာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်
ဦးဆောင် ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ရန်ကုန် ဆိပ်ကမ်းသို့
နိုင်ငံခြား သင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်မှု၊ ကုန်ကိုင်တွယ်နိုင်မှု၊
ဝင်ငွေရရှိမှု အခြေအနေနှင့် ရန်ကုန် ဆိပ်ကမ်းတိုးချဲ့ တည်ဆောက်ရေးအတွက်
CONCEPTUAL PLAN တို့ကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက လက်ရှိ
ရန်ကုန် ဆိပ်ကမ်းတွင် နိုင်ငံခြား သင်္ဘောကြီး ၁၈ စင်း ဆိုက်ကပ်နိုင်သော
ဆိပ်ခံတံတား ၁၈ စင်းရှိပြီး နောင်တွင် ဆိပ်ခံတံတား ၁၄ စင်း တိုးချဲ့
တည်ဆောက် နိုင်မည်ဖြစ်၍ စုစုပေါင်း ဆိပ်ခံတံတား ၃၂ စင်းရှိပြီး နိုင်ငံခြား
သင်္ဘောကြီး ၃၂ စင်းထိ ဆိုက်ကပ် လာနိုင်မည် ဖြစ်ကြောင်း၊ ကုန်ကိုင်တွယ်မှု
အနေဖြင့်လည်း နှစ်ဆတိုး တက်လာ နိုင် မည်ဖြစ်ရာ ဆိပ်ခံတံတားများ ကြံ့ခိုင်မှု
ကောင်းမွန်ရေး၊ ရန်ကုန် ဆိပ်ကမ်းတွင် တန်ချိန် ၂ဝဝဝဝ အထက်ရှိ
ရေယာဉ်ကြီးများ ဝင်/ထွက် ဆိုက်ကပ် နိုင်ရေးအတွက် MASTER PLAN ရေးဆွဲ ဆောင်
ရွက်သည့် နေရာ၌ ဝင်ငွေ တိုးတက် ရရှိနိုင်ရေး နည်းလမ်း ပေါင်းစုံ ကြံဆ
ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက
ဆိပ်ကမ်းများသည် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက် ရေး၏ အဓိက ကျသော
ပို့ကုန်/ သွင်းကုန် လုပ်ငန်းများကို နိုင်ငံတကာမှ သတ်မှတ် ထားသည့်
စံချိန်စံညွှန်း များနှင့်အညီ ကုန်တင်/ ကုန်ချ လုပ်ငန်းများ လျင်မြန်
ချောမွေ့စွာ ဆောင်ရွက် ပေးရန်လိုကြောင်း၊ နိုင်ငံတော်၏ အဓိက ပို့ကုန်/
သွင်းကုန်များဖြစ်သည့် စားသုံးဆီ၊ စက်သုံးဆီ၊ ကောက်ပဲ သီးနှံ၊ အထွေထွေ
ကုန်နှင့် ကုန်သေတ္တာစသည့် အမျိုးအစား အလိုက် ကုန်ပမာဏ အချိုးအတိုင်း
ဆိပ်ကမ်း အရေအတွက်ကို တည်ဆောက်မှ သာ CONCEPTUAL PLAN ဖြစ်မည် ဖြစ်ကြောင်း၊
ဖွံ့ဖြိုး တိုးတက်လာသော စီးပွားရေး အခြေအနေ အရ ထုတ်ကုန်/ သွင်းကုန်
လုပ်ငန်းများ တိုးမြှင့် ကိုင်တွယ်နိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး
ကျောက်တန်း မြို့နယ် သီလဝါ ဒေသ တွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆိပ်ကမ်း
တိုးချဲ့ ဆောင်ရွက်နိုင်ရန် ရေယာဉ် ၃၇စင်း ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း ၃၇ခု
ဖော်ထုတ်ခဲ့ရာ ၃၇ ခုအနက် စက်သုံးဆီ လုပ်ငန်းအတွက် ဆိပ်ခံတံတား ၁၁ ခု၊
ကောက်ပဲ သီးနှံတင်/ ချလုပ်ငန်း များအတွက် ဆိပ်ခံတံတား လေးခု၊ အထွေထွေနှင့်
ကုန်သေတ္တာ လုပ်ငန်းများ အတွက် ဆိပ်ခံတံတား ၁ဝ ခု၊ သင်္ဘော ဖျက်လွန်းကျင်း
လုပ်ငန်းအတွက် ဆိပ်ခံတံတား လေးခု စုစုပေါင်း ဆိပ်ခံတံတား ၂၉ ခုကို
နေရာချထား ပေးခဲ့ပြီး ကတ္တရာနှင့် ရေနံဆက်စပ် ပစ္စည်း များအတွက် ဆိပ်ခံတံတား
တစ်ခုအား တင်ဒါ ခေါ်ယူထားပြီး ဖြစ်ရာ စုစုပေါင်း ဆိပ်ခံ တံတား ၃ဝ ရှိသွားပြီ
ဖြစ်၍ လက်ကျန် ခုနစ်ခုအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် ဆိပ်ကမ်း
အထွေထွေနှင့် ကုန်သေတ္တာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် JV အနေဖြင့်
လည်းကောင်း၊ နိုင်ငံခြား ငွေရယူ၍ လည်းကောင်း ဆိပ်ခံ တံတားများ ဆောက်
လုပ်ရန် စီမံလျက် ရှိကြောင်း၊ ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာရေးနှစ် အတွင်း
မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်သွင်းမှုမှာ တန်ချိန် သန်းပေါင်း ၁ ဒသမ ၄၆
ရှိပြီး လယ်ယာထွက်ကုန် သီးနှံ တင်ပို့မှုမှာ တန်ချိန် သန်းပေါင်း ၂ ဒသမ ၉၃
ရှိကြောင်း၊ ထို့ကြောင့် သီလဝါ ဆိပ်ကမ်း၌ရှိ သော ဆိပ်ခံ တံတားနေရာ ၃၇ ခုအား
လုပ်ငန်း အမျိုးအစား အလိုက် ဆိပ်ခံ တံတားများ ဆောက်လုပ်ရန် နေရာ
သတ်မှတ်ရာတွင် နိုင်ငံတော်၏ ထုတ်ကုန်/သွင်း ကုန်ပမာဏ လိုအပ်ချက်ကို အလေးထား
ဆောင်ရွက်ကြရန် လိုအပ် မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ထားဝယ်
ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းများ တည်ဆောက်ပြီး စီးပါက
အရှေ့တောင် အာရှတွင် မြန်မာနိုင်ငံသည် ဆိပ်ကမ်း လုပ်ငန်းများ၌ အဓိက
အရေးပါသော နေရာတွင် ရောက်ရှိလာမည် ဖြစ်ကြောင်း၊ ဆိပ်ကမ်းများ
တည်ဆောက်ရာတွင် နိုင်ငံတော်နှင့် ပုဂ္ဂလိက ပိုင်ဆိုင်မှု အချိုးသည်
နိုင်ငံတော်ပိုင်၂၅ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ပိုင် ၇၅ ရာခိုင်နှုန်း သည်
သင့်လျော်ကြောင်း၊ ယခုသီလဝါ ဒေသရှိ ဆိပ်ခံတံတား ၃၇ ခုတွင်လည်း မြန်မာ့ဆိပ်
ကမ်းအာဏာပိုင် အနေဖြင့် ခုနစ်ခုသာ ဆောင်ရွက်ရန် ရှိပြီး ပုဂ္ဂလိက
လုပ်ငန်းရှင်များက ဆိပ်ခံ တံတား ၃ဝ ဆောင်ရွက်လျက် ရှိသဖြင့် နိုင်ငံတော်
အနေဖြင့် ၂၄ ရာခိုင်နှုန်း၊ ပုဂ္ဂလိက ကဏ္ဍ အနေဖြင့် ၇၆ ရာခိုင်နှုန်း
ဆောင်ရွက်လျက် ရှိကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည်
ရန်ကုန်မြစ်ကြောင်း တစ်လျှောက် ရေလမ်းကြောင်း အခြေအနေများ၊ သောင်တူး
ရေယာဉ်များဖြင့် သောင်တူးဖော်မှုနှင့် သင်္ဘောကြီး များဝင်/ထွက် ရာ
ရေလမ်းကြောင်း အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း
သတင်းရရှိသည်။