အစိုးရက မျိုးစပါးဖြန့်ဖြူးမှုနှောင့်နှေးနေ သဖြင့် လယ်သမားများအနေဖြင့်ရသည့် မျိုး စပါးကို ၀ယ်ယူကြဲပက်နေကြရကြောင်း ရေ ဘေးဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်တစ်ဝန်းမှ လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။
"အစိုးရ မျိုးစပါးပေးနေတာရှိနေတယ်။ ဒါပေမဲ့ လိုနေတဲ့လယ်သမားတွေဆီကို ရောက် ဖို့က အချိန်ကြန့်ကြာနေတယ်။ ဒါကြောင့် ကိုယ့်ဟာကို ၀ယ်ယူကြဲနေရတယ်။အစိုးရဆီ က ရမယ့်ဟာကိုစောင့်ရင်စပါးစိုက်နိုင်တော့ မှာမဟုတ်တော့ဘူး" ဟု မင်းပြားမြို့နယ်မှ လယ်သမားတစ်ဦးက ပြောကြားသည်။
"ရေလွှမ်းလို့ လယ်ပျက်တာများတယ်။ ဒါကိုလည်း မျိုးစပါးရှိတဲ့သူတွေက တစ်တောင်း ကို ငါးထောင်လောက် ပေးဝယ်ပြီး ကြဲထားရ တယ်။ အစိုးရကပေးမယ့်ဟာက မနေ့ကပဲ စာရင်းကောက်နေတယ်။ ကိုယ့်လယ်ကို ကိုယ် ပြန်စိုက်နိုင်အောင်တော့ လုပ်ရတာပဲ" ဟု ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် အစိုးရ မှ မျိုးစပါးများ ဖြန့် ဖြူးပေးနေမှုများရှိနေသော်လည်း ရက်တိုစပါး မျိုးများဖြစ်ကြောင်းနှင့် ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာနှင့် စိုင်းဒင်တောင်တန်း ဒေသတို့တွင် မျိုးစပါးထက် စပါးပျိုးပင် လို အပ်နေကြောင်း၊ မျိုးစပါးများ ထောက်ပံ့မှုမရ သေးကြောင်း ကွန်တိုင်ကျေးရွာမှ လယ်သမား တစ်ဦးဖြစ်သည့် ဦးမောင်သိန်းက ဆိုသည်။
ရခိုင်ပြည်နယ် ရေဘေးကြောင့် လုံးဝ ပျက်စီးသွားသည့် လယ်ဧက နှစ်သိန်းကျော်ရှိ ကြောင်းနှင့် ရေပြန်ကျသွားပြီဖြစ်သဖြင့် အချိန်မီ စိုက်ပျိုးနိုင်ရန် မျိုးစပါးများ ဆောလျင်စွာရရှိ ရန်လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ရေမြုပ်^ရေ၀င် လယ်ဧက ၃၀၅၇၇၀၁ အထိရှိခဲ့ပြီး လုံးဝပျက် စီးသွားသည့် ၂၁၇၅၈၀ ဧကထိရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။
"အခုကျွန်တော်တို့မြို့နယ်မှာ စပါးပြန် စိုက်ဖို့ဆိုတာ အချိန်ဆွဲလို့မရတော့ မျိုးစပါး တွေကို လယ်သမားလက်ထဲ ဆောလျင်စွာ ဖြန့်ပေးဖို့လိုနေပါတယ်။ ဒါ့အပြင် ပင်လယ် ကမ်းခြေဒေသတွေဖြစ်တဲ့ ဒုံးပိုက်၊ ဆင်ပိုက် ဘက်တို့မှာဆို ရေငန်ဒဏ်ခံနိုင်တဲ့ မျိုးစပါး တွေဖြန့်ဖြူးဖို့လိုပါတယ်။ နောက်ထပ်လိုတာ ကတော့ ဓာတ်မြေသြဇာဖြစ်ပါတယ်" ဟု ရသေ့တောင်မြို့မှ ဦးကိုကိုမောင်က ပြောကြားသည်။
ထို့အပြင် ရွှံ့ဖုံးသွားသည့် လယ်ကွင်း များတွင် ကြဲပက်စနစ်ကိုသာအသုံးပြုရတော့ မည်ဖြစ်သဖြင့် သြဂုတ်လမကုန်မီ ပျက်စီး လယ်မြေ အားလုံးပြန်စိုက်ရန် လိုအပ်ကြောင်းလည်း သိရသည်။
စိုက်ပျိုးမြေပျက်စီးခဲ့သည့် လယ်မြေ များ ပြန်လည်စိုက်ပျိုးနိုင်ရန် အတွက် မျိုးစေ့ များအား နိုင်ငံတော်မှ ထောက်ပံ့ပေးမည်ဖြစ် ကြောင်းဘူးသီးတောင်မြို့မှ ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ကြောင်း သိရသည်။
ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများတွင် စပါးများပြန်လည် စိုက် ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုး မြေများကို တောင်သူလယ်သမားများ အချိန် မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ၁၈၁၃ တင်း၊ ရခိုင် ပြည်နယ် အစိုးရအဖွဲ့မှ ပြင်ပမှဝယ်ယူပြီး ဖြန့် ပေးမည့် မျိုးစပါး ၈၅၃၀၅ တင်း၊ တောင်သူ အစီအစဉ်ဖြင့် စိုက်ပျိုးမည့် စပါးတင်း ၁၂၈၈၃၀ တင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
"အခု ကျွန်တော်တို့ ဌာနကနေ မျိုးစပါး တွေလိုက်ဖြန့်နေပါပြီ။ အခုကျန်နေတဲ့ ရွာ တွေကိုလည်း ဒီတစ်ပတ်အတွင်းရောက်အောင် ဖြန့်ဖို့ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ လယ်သမားတွေက ကိုယ့်လယ်မှာရှိတဲ့ မျိုး စပါးတွေနဲ့ ကြဲထားကြပါပြီ။ စပါးပင်တွေ တောင်ရှင်နေပါပြီ။ လယ်သမားတွေက ကိုယ့် ဟာကိုယ်စိုက်ထားပေမယ့် အစိုးရကတော့ တစ် ဧကကို ငွေကျပ် ၇၀၀၀ မျိုးစပါးအတွက် ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်" ဟု ကျောက် တော်မြို့နယ်မှ စိုက်ပျိုးရေး အရာရှိတစ်ဦးက ပြောကြားသည်။
"အခု ဌာနကလူတွေ မျိုးစပါးတွေပေး နေတာရှိတယ်။ တခြားအဖွဲ့အစည်းတွေကလည်း လှူနေတာရှိပါတယ်။ ဌာနမှာက လူ အင်အားလည်းနည်းတော့ သွားလာလို့လွယ် တဲ့ ကားလမ်းပဲက ရွာတွေကိုပဲ ပေးနိုင်သေး တယ်။ သွားဖို့ခက်ခဲတဲ့ရွာတွေကို မရောက် သေးဘူး။ ဒါကြောင့် ဌာနကပေးမယ့်ဟာကို စောင့်ရင် အချိန်မမီတော့ဘူး။ စပါးက သြဂုတ် လမကုန်ခင် အကုန်စိုက်နိုင်ဖို့လိုပါတယ်။ ဒါ ကြောင့် မျိုးစပါးတွေ လယ်သမားလက်ထဲ အမြန်ရောက်ဖို့လိုပါတယ်" ဟု မြောက်ဦးမြို့ နယ် ပန်းမြောင်းကျေးရွာမှ လယ်သမားတစ် ဦးက ပြောကြားသည်။
From - Eleven
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ရခိုင်ရေဘေးသင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းရှင် ဒေါ်ပိုးဖြူ မိသားစုမှ ကျပ်သိန်းပေါင်း တစ်ထောင်လှူဒါန်းရခိုင်ပြည်နယ်ရ&
ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာနယ်ခြားစောင့်တပ် အကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိမှုများရှိဘင်္ဂလာဒေ့ရှ်နို&
မေတ္တာမျှဝေလူငယ် (တောင်ကြီး)အဖွဲ့ နှင့် `ဇ´ဖောင်ဒေးရှင်းတို့  ပူးပေါင်း၍ ရေဘေးသင့်ကျေးရွာများသို့ ကူညီထောက်ပံ့ (၂၄ စက်တင်ဘာလ ơ
ရခိုင်ရေဘေးသင့်များအတွက် ALP အပါအ၀င် အဖွဲ့သုံးခုက ကယ်ဆယ်ရေး ပစ္စည်းများလှူဒါန်းရခိုင်ပြည်နယ်အ&
အမ်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီဆိုင်းဘုတ်ဖျက်ဆီးခံရစက်တင်ဘာ ၂၅ ရခို
Miss Universe Sittwe အဖွဲ့ မြောက်ဦးမြို့နယ်တွင် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းMiss Universe Sittwe မချိုချိုထွ&
Previous Post
မင်းပြား ရေကြီးမှုနှင့် သောက်ရေပြဿနာ
မင်းပြား ရေကြီးမှုနှင့် သောက်ရေပြဿနာ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)