တော်ဝင်ထူးလင်းကုမ္ပဏီ၏ လျှပ်စစ်မီးစက်ရုံမှ ညှော်နံ့များ ကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်နေရ

စစ်တွေမြို့ရှိ တော်ဝင်ထူးလင်းကုမ္ပဏီ၏ လျှပ်စစ်မီးစက်ရုံမှ ထွက်ရှိလာသော ညှော်နံ့များ ကြောင့် လမ်းသွားလမ်းလာများ၊ ဆိုင်ခန်းများနှင့်နေအိမ်များ တွင်နေ ထိုင်သော လူများအတွက် လွန်စွာထိခိုက်မှုများရှိနေကြောင်းသိရှိရပါသည်။ အဆိုပါမီးစက်ရုံသည် စွန့်ပစ်ပစ္စည်းသုံးလျှပ်စစ်မီးစက်ရုံဖြစ်သဖြင့် ဆိုးရွားသောအနံ့ များထွက်ပေါ်နေခြင်းဖြစ်ကြောင်းသိရသည်။ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက် နေခြင်းဖြစ်သော်လည်း အနံ့ဆိုးများထွက်ပေါ်နေခြင်းမှာ လွန်စွာထိခိုက်မှုများရှိနေ ပြီး ကျန်းမာရေးအရ လုံးဝမသင့်တော်သော ကိစ္စရပ်များဖြစ်နေကြောင်းလည်း ဒေသခံများ ပြောပါသည်။ ယင်းအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူများကလည်း '' အနံ့တွေက ထွက်တာလွန်နေပြီ။ သူတို့ကတော့ အနံ့မထွက်ဘူးလို့ပြောနေတယ်။ ဒါဟာ ပတ် ၀န်းကျင်ဆိုင်ရာ ထိခိုက်မှုကို အများကြီးဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်သင့်တဲ့ ကိစ္စဖြစ်တာကြောင့် အခြားနေရာမှာ သွားပြီးလုပ်သင့်တယ်လို့ထင်တယ်။ ပြီးတော့ စွန့်ပစ်ပစ္စည်းသုံးစက်ရုံဆိုတာကို အနံ့မထွက်ဘူးဆိုတာ ရူးတဲ့လူတွေပြောတာပဲ။ ဒီ အနံ့တွေကို ကြာရှည်စွာခံနေရတဲ့ ပတ်ဝန်းကျင်က လူတွေအတွက် အယမ်းစိုးရိမ် စရာရှိပါတယ်။ ဒီမှာက ဖြစ်ချင်တာဖြစ်ဆိုပြီး မပြောရဲကြလို့ လုပ်ချင်တာလုပ်နေကြ ပါ''ဟု ပြောဆိုပါသည်။ စစ်တွေမြို့တွင်မီးလင်းရေးကိစ္စများကိုဆောင်ရွက်ပေးနေသည့်တိုင် အဆိုပါ တော် ၀င်ထူးလင်းကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုကိုများစွာသတိထား သင့်ကြောင်းနှင့် ဒေသခံများကလည်း စနစ်တကျတင်ပြရန်လိုအပ်ကြောင်းပြောဆို ကြပါသည်။ ထို့အပြင် ပတ်ဝန်းကျင်ရှိနေအိမ်များတွင်နေထိုင်ကြသူများအနေဖြင့်လည်း သက် ဆိုင်ရာဌာနများသို့ တင်ပြသင့်ကြောင်း၊ ထိုသို့တင်ပြမှသာလျင် သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးပြီး ပတ်ဝန်းကျင်အတွက် ထိခိုက်မှုရှိမရှိကို လေ့လာဆန်းစစ်ပြီး ထိုစက်ရုံအား ဖျက်သိမ်းသင့်မသင့်ကို စဉ်းစားပေးရန်လိုအပ်နေပြီဖြစ်ကြောင်း လည်း သိရှိရပါသည်။ တော်ဝင်ထူးလင်းသည် ရခိုင်ပြည်နယ်အနှံ့အပြားတွင် ထိုသို့သောမီးစက်များကို ဆောက်လုပ်ကာ ငွေရှာသော ခရိုနီအုပ်စုတစ်ခုသာဖြစ်သဖြင့် အစိုးရကလည်း ထို ကိစ္စကို နှာပိတ်နေသည်ဟု အကြောင်းပြထားခြင်းဖြစ်ကြောင်းလည်းသိရသည်။ ဒေသဆိုင်ရာပတ်ဝန်းကျင်ပျက်စီးမှုနှင့် ကျန်းမာရေးဆိုင်ရာထိခိုက်မှုများကို အလေး မထားဘဲ လုပ်ချင်သလိုလုပ်နေခြင်းသည် ဒေသခံပြည်သူများကို တစ်ဘက်လှည့် ဖြင့်စော်ကားနေခြင်းဖြစ်ကြောင်းလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီ တစ်ဦးက စစ်တွေသို့ရောက်ရှိစဉ် ပြောကြားခဲ့ပါသည်။ ထို့အပြင် အနီးပတ်ဝန်းကျင်များနှင့် စစ်တွေမြို့သူမြို့သားများကလည်း ထိုကိစ္စကို ဆန္ဒပြကန့်ကွက်မှုများပြုလုပ်သွားရန် စီစဉ်လျက်ရှိသော်လည်း ဒေသအခြေအနေ များကြောင့် သည်းခံနေခြင်းဖြစ်ကြောင်းနှင့်မကြာခင် ဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်လာ နိုင်ခြေရှိကြောင်းလည်း ဒေသခံများပြောပါသည်။ (ဓါတ်ပုံ- စက်ရုံပုံ) စစ်တွေမြို့ရှိ တော်ဝင်ထူးလင်းကုမ္ပဏီ၏ လျှပ်စစ်မီးစက်ရုံမှ ညှော်နံ့များ ကြောင့် လမ်းသွားလမ်းလာများ၊ဆိုင်ခန်းများနှင့်နေအိမ်များတွင်နေထိုင်သော လူများအတွက် လွန်စွာထိခိုက်မှုများရှိနေကြောင်းသိရှိရ ------------------------------------------------------------------------- စစ်တွေမြို့ရှိ တော်ဝင်ထူးလင်းကုမ္ပဏီ၏ လျှပ်စစ်မီးစက်ရုံမှ ထွက်ရှိလာသော ညှော်နံ့များ ကြောင့် လမ်းသွားလမ်းလာများ၊ ဆိုင်ခန်းများနှင့်နေအိမ်များ တွင်နေ ထိုင်သော လူများအတွက် လွန်စွာထိခိုက်မှုများရှိနေကြောင်းသိရှိရပါသည်။ အဆိုပါမီးစက်ရုံသည် စွန့်ပစ်ပစ္စည်းသုံးလျှပ်စစ်မီးစက်ရုံဖြစ်သဖြင့် ဆိုးရွားသောအနံ့ များထွက်ပေါ်နေခြင်းဖြစ်ကြောင်းသိရသည်။ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက် နေခြင်းဖြစ်သော်လည်း အနံ့ဆိုးများထွက်ပေါ်နေခြင်းမှာ လွန်စွာထိခိုက်မှုများရှိနေ ပြီး ကျန်းမာရေးအရ လုံးဝမသင့်တော်သော ကိစ္စရပ်များဖြစ်နေကြောင်းလည်း ဒေသခံများ ပြောပါသည်။ ယင်းအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူများကလည်း '' အနံ့တွေက ထွက်တာလွန်နေပြီ။ သူတို့ကတော့ အနံ့မထွက်ဘူးလို့ပြောနေတယ်။ ဒါဟာ ပတ် ၀န်းကျင်ဆိုင်ရာ ထိခိုက်မှုကို အများကြီးဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်သင့်တဲ့ ကိစ္စဖြစ်တာကြောင့် အခြားနေရာမှာ သွားပြီးလုပ်သင့်တယ်လို့ထင်တယ်။ ပြီးတော့ စွန့်ပစ်ပစ္စည်းသုံးစက်ရုံဆိုတာကို အနံ့မထွက်ဘူးဆိုတာ ရူးတဲ့လူတွေပြောတာပဲ။ ဒီ အနံ့တွေကို ကြာရှည်စွာခံနေရတဲ့ ပတ်ဝန်းကျင်က လူတွေအတွက် အယမ်းစိုးရိမ် စရာရှိပါတယ်။ ဒီမှာက ဖြစ်ချင်တာဖြစ်ဆိုပြီး မပြောရဲကြလို့ လုပ်ချင်တာလုပ်နေကြ ပါ''ဟု ပြောဆိုပါသည်။ စစ်တွေမြို့တွင်မီးလင်းရေးကိစ္စများကိုဆောင်ရွက်ပေးနေသည့်တိုင် အဆိုပါ တော် ၀င်ထူးလင်းကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုကိုများစွာသတိထား သင့်ကြောင်းနှင့် ဒေသခံများကလည်း စနစ်တကျတင်ပြရန်လိုအပ်ကြောင်းပြောဆို ကြပါသည်။ ထို့အပြင် ပတ်ဝန်းကျင်ရှိနေအိမ်များတွင်နေထိုင်ကြသူများအနေဖြင့်လည်း သက် ဆိုင်ရာဌာနများသို့ တင်ပြသင့်ကြောင်း၊ ထိုသို့တင်ပြမှသာလျင် သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးပြီး ပတ်ဝန်းကျင်အတွက် ထိခိုက်မှုရှိမရှိကို လေ့လာဆန်းစစ်ပြီး ထိုစက်ရုံအား ဖျက်သိမ်းသင့်မသင့်ကို စဉ်းစားပေးရန်လိုအပ်နေပြီဖြစ်ကြောင်း လည်း သိရှိရပါသည်။ တော်ဝင်ထူးလင်းသည် ရခိုင်ပြည်နယ်အနှံ့အပြားတွင် ထိုသို့သောမီးစက်များကို ဆောက်လုပ်ကာ ငွေရှာသော ခရိုနီအုပ်စုတစ်ခုသာဖြစ်သဖြင့် အစိုးရကလည်း ထို ကိစ္စကို နှာပိတ်နေသည်ဟု အကြောင်းပြထားခြင်းဖြစ်ကြောင်းလည်းသိရသည်။ ဒေသဆိုင်ရာပတ်ဝန်းကျင်ပျက်စီးမှုနှင့် ကျန်းမာရေးဆိုင်ရာထိခိုက်မှုများကို အလေး မထားဘဲ လုပ်ချင်သလိုလုပ်နေခြင်းသည် ဒေသခံပြည်သူများကို တစ်ဘက်လှည့် ဖြင့်စော်ကားနေခြင်းဖြစ်ကြောင်းလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီ တစ်ဦးက စစ်တွေသို့ရောက်ရှိစဉ် ပြောကြားခဲ့ပါသည်။ ထို့အပြင် အနီးပတ်ဝန်းကျင်များနှင့် စစ်တွေမြို့သူမြို့သားများကလည်း ထိုကိစ္စကို ဆန္ဒပြကန့်ကွက်မှုများပြုလုပ်သွားရန် စီစဉ်လျက်ရှိသော်လည်း ဒေသအခြေအနေ များကြောင့် သည်းခံနေခြင်းဖြစ်ကြောင်းနှင့်မကြာခင် ဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်လာ နိုင်ခြေရှိကြောင်းလည်း ဒေသခံများပြောပါသည်။ (ဓါတ်ပုံ- စက်ရုံပုံ)

SHARE THIS
Previous Post
Next Post