ရှောက်ပုံကျွန်း ရခိုင်လယ်သမားများထံမှ ပေါင်းတုပ်ရဲစခန်းမှ အဓမ္မငွေညှစ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာမှာရှိသည့် ရှောက်ပုံကျွန်းကျေးရွာ လယ်သမားများထံမှ ပေါင်းတုပ်မှာရဲစခန်းမှ အဓမ္မငွေညှစ်မှု တစ်ရပ် မကြာမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည်။ ရှောက်ပုံကျွန်းကျေးရွာမှာ မကြာသေးမီက ပဋိပက္ခဖြစ်ပွားခဲ့သည့် ပုရိန်ကျေးရွာ အနီးတွင်ကပ်လျှက်တည်ရှိပြီး မိမိတို့ပိုင်နွားများအား ကုလားများအဓမ္မခိုးယူခြင်း၊ ကုလားရွာနှင့် နီးနီးကပ်ကပ်ရှိနေသည့်အတွက် နွားများ၏ လုံခြုံရေးအတွက် စိတ်မချရခြင်းတို့ကြောင့် လယ်သမား ၃ ဦးခန့်ပိုင်ဆိုင်သော နွားကောင်ရေ ၂၈ ကောင်ကို မြရိပ်ကျွန်းကျေးရွာသို့ ပြောင်းရွှေ့ရန်စီစဉ်ခဲ့သည်ဟုဆိုသည်။ ထိုသို့ ပြောင်းရွှေ့ယူလာရာတွင် ပုရိန်ကျေးရွာမှ ကုလားမတစ်ဦး၏ မဟုတ်မမှန် သတင်းပေးချက်ကြောင့် ပေါင်းတုပ်ကျေးရွာတွင် အခြေစိုက်စခန်းချလျှက်ရှိနေ သော ရဲတပ်ရင်းခွဲမှ စခန်းမှုးနှင့် တပည့်များက အဆိုပါနွားများအား လာရောက် ဖမ်းဆီးယူသွားခဲ့ကြောင်းသိရသည်။ သို့ရာတွင် နောက်ဆုံးမှာ ကုလားမ သတင်းပေးပို့ချက် မမှန်ကန်ကြောင်းတွေ့ရှိသွားသော်လည်း ရဲစခန်းတာဝန်ရှိသူ တို့မှာ နွားရှင်တစ်ဦးစီထံမှ ငွေ ၃ သိန်းစီ အဓမ္မတောင်းယူခဲ့ကြောင်း၊ ယခုကိစ္စများကို မီဒီယာများသို့ ထုတ်ဖော်ပြောကြားလျှင် ပြဿနာရှာမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသူ လယ်သမားတစ်ဦးက ဆိုပါသည်။ From : RSV

SHARE THIS
Previous Post
Next Post