အဆင့်အတန်းမမှီသော စာသင်ကျောင်းဆောက်လုပ်မှုကို ဒေသခံများက လက်မခံ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စာသင်ကျောင်းပေါင်း (၁၁) ကျောင်းကို ဆောက်လုပ်ခွင့်ရရှိခဲ့ပါသည်။ ယခုအခါ ကျောင်းဆောင်အချို့ကို ဆောက်လုပ်ရာတွင် ပေါက်တောမြို့နယ် အ၀ကန်ကျေးရွာရှိ စာသင်ကျောင်းတွင် သစ်ပေါ့သားများ၊ သွပ်ပြားအညံ့စားများဖြင့် တည်ဆောက်နေရာတွင် ရွာခံသားများမှ မကျေနပ်ဘဲ ဆောက်လုပ်လက်စ အဆောက်အဦးကို ဆက်မဆက်လုပ်စေရန် ရွာသားများက ကန့်ကွက်လျှက်ရှိသည်ဟု သိရှိရပါသည်။ ထိုနည်းတူစွာ င/ခူးချောင်းကျေးရွာတွင်လည်း ကျောင်းဆက်လုပ်ရာတွင် သစ်ချောင်းများကို ပင်လယ်ကူးအဆက်များဖြင့် ဆောက်လုပ်လျှက်ရှိပြီး ရွာခံသားများမှ မကျေမနပ်ဖြစ်လျှက်ရှိသည်ဟု သိရှိရပါသည်။ င/ခူးချောင်းကျေးရွာမှ ရွာသားတစ်ဦးမှ “ ကျနော်တို့ ဒေသဆိုတာ ရာသီဥတု ကြမ်းတမ်းပါတယ်။ အခုက အောက်ခံ ဖောင်ဒေးရှင်းကလည်း မခိုင်းဘူး၊ ဖြစ်လိုလုပ်ပေးထားတယ်။ နောက်ပြီး အခေါင်းမိုး သွပ်ပြားတွေကလည်း စာရွက်လောက်တောင် အကောင်းဘူး။ မိုးရာသီ လေပြင်းတိုက်ခိုက်မှုကို ဘယ်လို့ ခံနိုင်မှာမဟုတ်ဘူး။ အဆိုးဆုံးက ကျနော်တို့ ရွာက ကလေးတွေကို ဒီလို ကျောင်းတွေမှာ စာပေးသင်ရာမှာကို ကျနော်တို့ စိုးရိမ်မိတယ်”ဟု RSV ကို ဖုန်းဆက်ပြီး ပြောပြခဲ့ပါသည်။ ပေါက်တောမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းကို ဇေယျအောင်ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျှက်ရှိသည်ဟု သိရှိရပြီး သူတို့ အမြတ်ငွေများ ကျန်ရှိရန်အတွက် အစိုးရမှ စစ်ဆေးရေးများလာရောက်ရန် ခက်ခဲသော ဒေသများတွင် ယခုလို လုပ်ဆောင်လျှက်ရှိသည်ဟု စုံစမ်းသိရှိရပါသည်။ From : RSV

SHARE THIS
Previous Post
Next Post