ရခိုင်ပြည်နယ်နေ့ဆိုတာ ဘာကိုခေါ်သလဲ ရခိုင်များသိဖို့လိုပြီ

ရခိုင်ပြည်နယ်နေ့ ဆိုသည်မှာ ရခိုင်သမိုင်းကြောင်းနှင့် မည်သို့သက်ဆိုင် သနည်း။ သည်မေးခွန်းကို မေးလာလျင် ဖြေဖို့ ခက်ပေမည်။ ရခိုင်ပြည်နယ်သည် ရခိုင်တိုင်း အဖြစ် ယခင်ကရှိခဲ့သော်လည်း ၁၉၇၄ ခုနှစ် ဥပဒေကိုပြဌာန်းလိုက်ပြီး အချုပ် အချာအာဏာ စတင်အတည်ဖြစ်သောနေ့ (တစ်နည်းပြောရလျင် ၁၉၇၄- ခုနှစ် ဥပဒေစပြီးအာဏာတည်သောနေ့) စပြီးအာဏာ တည်သော နေ့တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများသည် လက်ရှိအနေအထားတွင် တိုင်းရင်း သား နေ့ များအဖြစ်သတ်မှတ်လာကြသည်များလည်းရှိလာသဖြင့် ရခိုင်ပြည်နယ် နေ့သည် မည်သို့သော နေ့ဖြစ်သည်ကို စနစ်တကျလေ့လာရန်လိုအပ်နေပြီဖြစ် ကြောင်း ရခိုင်တိုင်းရင်းသားများက ပြောဆိုကြပါသည်။ လက်ရှိရခိုင်ပြည်နယ်နေ့ဟု ခေါ်ဝေါ်နေသော နေ့သည် ရခိုင်ပြည်နယ်အနေဖြင့် စစ် အစိုးရလက်အောက်သို့ ကျဆုံးသောနေ့တစ်ခုပင်ဖြစ်ကြောင်းသိရသည်။ ယင်းအတွက် ရခိုင်အမျိုးသားနေ့ တစ်ခုကိုသတ်မှတ်ရန် ရခိုင်တိုင်းရင်းသားများက ပြင်ဆင်နေကြပြီဖြစ်ကြောင်းလည်းသိရသည်။ ချင်းပြည်နယ်တွင်းလည်း ချင်းအမျိုး သားနေ့ကို ချင်းပြည်နယ်နေ့အဖြစ်သတ်မှတ်လိုက်ထားလိုက်ပြီဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်တွင်လည်း ရခိုင်ပြည်နယ်၏ အထင်ကရနေ့ကို ရခိုင်ပြည်နယ် နေ့ အဖြစ်သတ်မှတ် ရန်လိုအပ်နေပြီဖြစ်ကြောင်းနှင့် ၁၉၇၄ -ခုနှစ် ဥပဒေ ပြဌာန်း လိုက် သည့်နေ့မှစ တင်ပြီး ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ် နှစ်ခုဖြစ်ပေါ်လာခဲ့ကြောင်း လည်းသိရသည်။ ရခိုင်ပြည်နယ်နေ့သည် ရခိုင်တိုင်းရင်းသားများ၏ အချုပ်အချာအာဏာ ပျက်သုန်း သည့်နေ့တစ်နေ့လည်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရသိရှိရပါသည်။from RSV

SHARE THIS
Previous Post
Next Post