ရခိုင်မှ ထုတ်ယူမည့် ဓါတ်ငွေအတွက်လျော်ကြေးအပြည့်အ၀ပေးဆောင်ခြင်းမရှိ

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းသည့် ဓါတ်ငွေ ပိုက်လိုင်းစီးမံကိန်းတွင် အမ်းမြို့နယ်အပိုင်းတွင် တာဝန်ယူထားသည့် တရုတ်ကုမ္ပဏီမှ တောင်သူများအား လျော်ကြေးငွေ အပြည့်အ၀ ပေးဆောင် ခြင်းမရှိကြောင်း တောင်သူများမှ ပြောကြားသိရှိရပါသည်။ ကျောက်ဖြူမြို့မှ စတင်သွယ်တန်းလာသည့် ဓါတ်ငွေ့ပိုက်လိုင်းအတွက် အမ်းမြို့ နယ်တွင် နှစ်ပိုင်းခွဲပြီး လျော်ကြေးငွေပေးကြောင်းသိရသည်။ သို့ ရာ တွင် အခြားအပိုင်းများ၌ တောင်သူများအား သတ်မှတ်ထားသည့်လျော်ကြေး ငွေကို အပြည့်အ၀ ပေးဆောင်ခြင်းရှိသော်လည်း အမ်းမြို့နယ်တောင်ပိုင်းရှိ တောင်သူ ၃၀၀ နီးပါးခန့်ပိုင်ဆိုင်သော မြေယာများအတွက်မူ လျော်ကြေးငွေ ကို သုံးပုံတစ်ပုံခန့်သာ ပေးဆောင်ကြောင်းသိရသည်။ ယခုကဲ့သို့ လျော်ကြေးငွေ မညီမျှမှု ရှိနေခြင်းများနှင့်ပတ်သက်၍ အစိုးရတာ ၀န်ရှိသူများကို တောင်သူများမှ သွားရောက်မေးမြန်းရာတွင် ယခုကိစ္စမှာသူ တို့နှင့်မဆိုင်ကြောင်း နှင့် ပြန်လည်ဖြေကြားရန် ငြင်းဆန်ခဲ့ကြောင်းလည်း တောင်သူများထံမှသိရှိရပါသည်။ ယင်းသို့ တရုတ်ကုမ္ပဏီများအနေဖြင့် ရခိုင်ပြည်နယ်အတွင် မြေယာပိုင်ရှင် များ အား နိုင်ထက်စီးနင်း အတင်းအကြပ် လျော်ကြေးမပေးခြင်းသည် လုပ်ထုံးလုပ် နည်းနှင့်မညီညွတ်သည့်အပြင် ဒေသဆိုင်ရာ တာဝန်ရှိသူအာဏာပိုင်များမှ လည်း မျက်ကွယ်ပြုထားသဖြင့် တောင်သူများမှာ ခိုးကိုးရာမဲ့ဖြစ်နေကြရ ကြောင်းလည်းသိရှိရပါသည်။်from RSV

SHARE THIS
Previous Post
Next Post