လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ(၆)ဦး ကို နိုဝင်ဘာ(၂၇)ရက်နေ့၌ ကျောက်တံတားရဲစခန်းမှ တရားစွဲဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။
တရားစွဲဆိုရာတွင် ယခင်က ပုဒ်မ(၁၈)ခွင့်ပြုချက် မတောင်းပဲ စီတန်းလှည့်လည်မှုမှ ရုတ်ချည်းပြောင်းလဲကာ ပုဒ်မ(၅၀၅/ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆို၍ အင်းစိန်ထောင်သို့ ပို့လိုက်ခြင်းဖြစ်သည်။
“အစက ခွင့်ပြုချက်မတောင်းပဲ စီတန်းလှည့်လည်မှု အခု အဲဒီအဆင့်ထက်ကျော်ပြီးတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ စွဲတယ်။ ရုံးတင်ပြီး ရုံးချိန်းပေးတယ်၊ ချက်ချင်း တရားရုံးတင်တာပေါ့နော်။ တရားရုံးတင်ပြီး အမှု မြောက်တယ်ဆိုပြီးတော့ ရုံးချိန်းပေး လိုက်တယ်”ဟု လိုက်လံကူညီပေးလျက်ရှိသူ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့မှ ဦးထွန်းကြည်က ပြောသည်။
တရားဆွဲဆိုခံထားရသူများမှာ ကိုဝေဋ္ဌု၊ ကိုညီညီ၊ မရှမ်းမ၊ ဒေါ်နော်အုံးလှ၊ ကိုရဲလင်းနှင့် ကိုမျိုးချစ်တို့ဖြစ်ကြပြီး လက်ရှိတွင် အင်းစိန်ထောင်သို့ ရောက်ရှိနေပြီး ဒီဇင်ဘာလ (၃)ရက်နေ့၌ ရုံးချိန်းပေးထားကြောင်း သိရှိရသည်။
“ကျွန်တော်အခု ကျောက်တံတားရဲစခန်း ရောက်နေပါတယ်၊”ဟု နိုဝင်ဘာလ(၂၇)ရက် နေ့ နေ့လည်(၂)နာရီဝန်းကျင်က ကိုဝေဋ္ဌုမှ အတည်ပြုပြောကြားခဲ့သည်။
အဆိုပါ စီတန်းလှည့်လည်သူများမှာ ကြေးနီတောင်စီမံကိန်းရပ်ဆိုင်းပေးရန် နိုဝင်ဘာလ(၂၆)ရက်နေ့ ညနေ (၄း၀၀)နာရီ ဆူးလေဘုရားအနီးတ၀ိုက်တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ(၂၇)ရက်နေ့ ညနေ (၄း၀၀) နာရီကျော်၌ အင်းစိန်ထောင်သို့ အပို့ခံခဲ့ရခြင်းဖြစ်သည်။
from myit ma kha
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)