ယနေ့နံနက် (၉)နာရီခန့်တွင် KIA တပ်ဖွဲ့များ ခံစစ်ဆင်ထားရာ လဂျားယန်တောင်ကုန်းကို
အစိုးရ စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမောင်းသင်လေယာဉ်များ
အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မြန်မာ့လေတပ်တွင် MIG-29 စွယ်စုံသုံး
ဗုံးကြဲလေယာဉ်၊ F-7 ဗုံးကြဲတိုက်ခိုက်ရေး လေယာဉ်နှင့် A-5
မြေပြင်တိုက်ခိုက်ရေးလေယာဉ်များကဲ့သို့
လက်နက်ခဲယမ်းများစွာ တင်ဆောင်တိုက်ခိုက်နိုင်သည့် စွမ်းရည်ထက်မြက်သော
တိုက်လေယာဉ်များရှိသော်လည်း ယနေ့လဂျားယန်တပ်စခန်းက ခံစစ်ဆင်ရာတွင် K-8
အမောင်းသင်လေယာဉ်များကိုသာ အသုံးပြုသွားကြောင်း မျက်မြင်တွေ့ခဲ့ရသူများက
ဆိုသည်။ KIA ကိုလာတိုက်တဲ့လေယာဉ်တွေက တိုက်လေယာဉ်တွေမဟုတ်ဘူး၊
အမောင်းသင်လေယာဉ်တွေပါ။ အရောင်ကအနီရောင်တွေ၊ လေယာဉ်တွေက စခန်းတွေကို
ဗုံးကြဲနေပေမဲ့လည်း ဘေးကမြင်တဲ့သူအနေနဲ့ လေ့ကျင့်နေသလိုပါဘဲ၊
သုံးတဲ့လေယာဉ်တွေကလည်း စစ်လေယာဉ်တွေနဲ့မတူပါဘူးလို့ မျက်မြင်တွေ့ခဲ့
ရသူများကဆိုသည်။ ဤကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကြောင့်
လဂျားယန်တောင်ကုန်းပေါ်ရှိ KIA စခန်းများအထိနာခဲ့ပြီး ဒဏ်ရာရသော KIA
စစ်သားများစွာ လိုင်ဇာသို့ရောက်ရှိလာကြောင်း ဒါဏ်ရာ ပြင်းထန်နေသူများကို
တရုတ်နိုင်ငံတွင်ဆေးကုသရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
FBK