Australian Open တင်းနစ်ချန်ပီယံ အဇာရင်ကာ အောင်ပွဲခံ

Sunday, January 27, 2013

၂၀၁၃ ခုနှစ် သြစတြေးလျအိုးပင်းတင်းနစ် ချန်ပီယံ ဗစ်တိုးရီးယား အဇာရင်ကာသည် ချန်ပီယံဆုဖလားနှင့်အတူ အောင်ပွဲခံအထိမ်းအမှတ်ပွဲကို ယနေ့ ပြုလုပ်သည်။ အဇာရင်ကာသည် ချန်ပီယံဆုဖလားနှင့်အတူ
အောင်ပွဲခံပြီး အလှဓာတ်ပုံများ ရိုက်ကူးခြင်း၊ သတင်းမီဒီယာများနှင့်
တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့သည်။

ဘီလာရုစ်တင်းနစ်မယ် အဇာရင်ကာသည် သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်အဖြစ် ရပ်တည်လျက်ရှိသည်။

Planet Myanmar Network

SHARE THIS
Previous Post
Next Post