AZG ၏ စစ်တွေမြို့ပေါ် လျှို့ဝှက်ပေါ်တင် ခြေကုပ် နေရာများ

By kyaw htwee စစ်တွေ ၊ ၀၉ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ ဓါတ်ပုံသတင်း ]
နှစ်ပေါင်း တစ်ဆယ့်ငါးနှစ်ခန့် ဒေသခံရခိုင်တိုင်းရင်းသားများကို မထီမဲ့မြင်ပြုကာ တစ်ဘက်တွင် ခိုးဝင်ဘင်္ဂါလီများကို အားကောင်းသထက် အားကောင်းအောင် ထောက်ပံ့ပေးနေခဲ့သောကြောင့် စစ်တွေ ဒေသခံများ၏ ဆန္ဒပြကန့်ကွက်ခြင်းကို ခံရသည့် AZG (ခေါ်) MSF (Holland) သည် တရားဝင် ရုံးခန်းဖွင့်လှစ်ခြင်းမရှိသော်လည်း ဆိုင်းဘုတ်တပ်မထားသော ရုံးခန်း၊ သိုလှောင်ရုံ၊ တည်းခိုဆောင်များ ငှားရမ်းများ ငှားရမ်းစုစည်းကာ ခိုးဝင် ဘင်္ဂါလီများအားကောင်းရေးအတွက် ဆက်လက်လုပ်ဆောင်လျက် ရှိသည်။ AZG ၏ ဆရာဝန်များမှာ စစ်တွေဟိုတယ် နှင့် Noble ဟိုတယ်တို့တွင် နေထိုင်ကြပြီး၊ ကားဒရိုင်ဘာများ အတွက်မူ ပါဒလိတ်ချိတ်ရပ်ကွက်၏ ပန်းခြံလမ်း တစ်နေရာတွင် တည်းခိုဆောင် ငှားရမ်း ပေးထားသည်။ ထိုဒရိုင်ဘာများသည် မနက်အစောကြီး ငါးနာရီခွဲခန့်တွင် တည်းခိုဆောင်မှ ထွက်ခွာသွားကြကာ ညနေ ရှစ်နာရီခန့်လောက်မှ ပြန်ရောက်ကြလေ့ရှိသည်။ ကျောင်းတက်လမ်းရပ်ကွက် ဦးဥတ္တမလမ်းပေါ် ကျောင်းတက်လမ်းဓမ္မာရုံ နှင့် မျက်စောင်းထိုး အဆောက်အအုံ တွင် ရုံးသဘောဖွင့်လှစ်ထားရှိသည်။ ယနေ့နေ့လယ်တွင်မူ ယင်းရုံး၌ လူများများစားစားမတွေ့ရ။ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား အစရှိသည်ဖြင့် ဘင်္ဂါလီအရေး နယ်လှည့်ခရီးများထွက်သွား ကြသည်ဟု ဆိုသည်။ ကျောင်းတက်လမ်းရပ်ကွက် ဦးအောင်ထွန်းဦးလမ်း အိမ်အမှတ်(၁၁၄) အား ယခင်က ကဲ့သို့ပင် AZG ၏ ဂိုထောင်အဖြစ် ဆက်လက် သုံးစွဲလျက်ရှိနေသေးသည်။ အကြမ်းဖက်မှုကို ကြိုးကိုင်သည်ဟု စွပ်စွဲခြင်းခံရသူ ဘင်္ဂါလီ ဦးကျော်လှအောင် စီးသော ကားအပြာကလေးမှာ ယင်းခြံထဲတွင် သည်အတိုင်းရှိနေသည်။ ဓါတ်ပုံ (တစ်) - AZG ဒရိုင်ဘာများ တည်းခိုဆောင်။ အမှတ် (ပခ-၁၅၆)၊ ပန်းခြံလမ်း။ ပါဒလိတ်ချိတ်ရပ်ကွက်။ ဓါတ်ပုံ (နှစ်) - AZG လျှို့ဝှက်ရုံးခန်း။ အမှတ် (ဥတ-၁၂၂)၊ ဦးဥတ္တမလမ်း။ ကျောင်းတက်လမ်းရပ်ကွက်။ ဓါတ်ပုံ (သုံး) - AZG သိုလှေင်ရုံ။ အမှတ် (၁၁၄)၊ ဦးအောင်ထွန်းဦးလမ်း။ ကျောင်းတက်လမ်းရပ်ကွက်။ (Coral Arakan အတွက် ဓါတ်ပုံသတင်းအဖြစ် ကျော်ထွီး ရိုက်ကူးရေးသားသည်။) AZG နှင့် ပတ်သက်သည့် ဆောင်းပါးအကျယ်ကို ဖတ်ရန် အောက်ပါ လင့်ခ် ကို နှိပ်ပါ။ http://www.facebook.com/notes/coral-arakan-news-agency/azg-%E1%80%9B%E1%80%B2%E1%82%95-%E1%80%9E%E1%80%9B%E1%80%AF%E1%80%95%E1%80%B9%E1%80%9E%E1%80%80%E1%80%94%E1%80%B9-%E1%80%A1%E1%80%99%E1%80%BD%E1%80%94%E1%80%B9-%E1%80%80%E1%80%AD%E1%80%AF-%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%85%E1%80%B9-%E1%80%A1%E1%80%B6%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%80%90%E1%80%85%E1%80%B9/168729289931447
AZG ၏ စစ်တွေမြို့ပေါ် လျှို့ဝှက်ပေါ်တင် ခြေကုပ် နေရာများ (3 photos)

SHARE THIS
Previous Post
Next Post