လက်နက် ထိန်းသိမ်းမှု ဥပဒေ များကို တင်းကျပ်စွာ ချမှတ်ရန် အိုဘားမား အမိန့် ထုတ်ပြန်

အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ကော်နက်တီကပ် ပြည်နယ် နယူးတောင်း မြို့ရှိ Sandy Hook ကျောင်းတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး နောက်ပိုင်းတွင် နိုင်ငံ အတွင်း၌ လက်နက် ထိန်းသိမ်းမှု ဥပဒေ များကို ကျယ်ကျယ် ပြန့်ပြန့် ချမှတ် လုပ်ဆောင်ရန် အမိန့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အိုဘားမားသည် လက်နက်များနှင့် စွမ်းအားမြှင့် လက်နက် ခဲယမ်းများ အကြောင်း ရေးသားဖော်ပြ သော မဂ္ဂဇင်း များကို တားမြစ်ခြင်း အပါအဝင် စတာလင်ပေါင် ၃၁၂ သန်း ကုန်ကျမည့် လက်နက် ထိန်းချုပ် ရေး အစီအစဉ် တစ်ရပ်ကို ထောက်ခံ အတည်ပြု ပေးရန် ကွန်ဂရက် လွှတ်တော်သို့ တိုက်တွန်း ခဲ့ကြောင်း သိရသည်။ မိမိ အနေဖြင့် လက်နက် ပိုင်ဆိုင်သူ များ၏ နောက်ခံ ရာဇဝင် စစ်ဆေးမှုကို အဓိကထား လုပ်ဆောင်ရန်နှင့် အခြားသူများ အတွက် အမေရိကန် လူမျိုးများက လက်နက် ဝယ်ယူပေး မှုကို အဆုံးသတ်ရန် အတွက် အဓိ ကထား လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း သိရသည်။ အလားတူ ဗီဒီယို ဂိမ်းများ၊ ရုပ်ရှင်များ၊ ရုပ်မြင်သံကြား အစီအစဉ် များတွင် အကြမ်းဖက်မှု များကို ဖော်ပြခြင်း သည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပြောင်းလဲနိုင်ဖွယ် ရှိသောကြောင့် အကြမ်းဖက်မှု များကို အသားပေး ဖော်ပြခြင်းအား အစိုးရက ကိုင်တွယ် ဖြေရှင်းသွားမည် ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါ အစီ အစဉ်သည် ရီပတ်ဘလီကန် အမတ်များနှင့် လက်နက် လိုလားသူများ အကြား အတိုက်အခံ ဖြစ်ပွားနိုင်ဖွယ် ရှိကြောင်း၊ မိမိ အနေဖြင့် ယင်းအစီ အစဉ်အား ထောက်ခံမှု ရရှိရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။ http://www.myawady.net.mm/allnews/global/item/4699-2013-01-18-09-16-25#.UPjwlJ0seJ8 မှ မြ၀တီ

SHARE THIS
Previous Post
Next Post