ကိုရီးယား ကုန်ထုတ် လုပ်ငန်း အတွက် မြန်မာလုပ်သား ၄၉၀၀ ကျော် ခေါ်ယူရန်ရှိ

ကိုရီးယား နိုင်ငံရှိ ကုန်ထုတ် လုပ်ငန်းများ အတွက် မြန်မာလုပ်သား ၄၉၀၀ ကျော်ကို ၂၀၁၃ ခုနှစ် အတွင်း ခေါ်ယူ သွားဖို့ ရှိတယ်လို့ မြန်မာ နိုင်ငံမှာ
အလုပ်ခေါ်ယူရေး အတွက် ဌာနေ ကိုယ်စားလှယ် ထားရှိ ထားတဲ့ ကိုရီးယား နိုင်ငံမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ကိုရီးယား နိုင်ငံ အနေနဲ့ ပြည်တွင်းမှ လုပ်သားများ ခေါ်ယူရာမှာ EPS Topisk စာမေးပွဲ အောင်မြင်ပြီး သူများကို အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန အောက်ရှိ အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီနဲ့ ချိတ်ဆက်ကာ ခေါ်ယူလျက် ရှိတာ ဖြစ်ပါတယ်။

ဒီလို ခေါ်ယူရာမှာ ကုန်ထုတ် လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေမှာ ခေါ်ယူမှု ပိုမို များပြားတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လုပ်သား ခေါ်ယူမှု ရှိတဲ့အတွက် လာမယ့် မတ်လ အတွင်း မှာလည်း EPS Topisk  စာမေးပွဲ ဖြေဆိုနိုင်ဖို့ လျှောက်လွှာ တွေကို ခေါ်ယူ သွားမှာ ဖြစ်ပြီး အဲ့ဒီ စာမေးပွဲကို စစ်ဆေး တဲ့အခါ မေးခွန်းပုံစံ ပြောင်းလဲပြီး စစ်ဆေးဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

From : MRTV4


SHARE THIS
Previous Post
Next Post