ယခုနှစ်တွင် စမ်းသပ် ဖွင့်လှစ်ခွင့် ရထားသည့် ကိုယ်ပိုင် ကျောင်းများ လျှောက်လွှာသစ် တင်ရန် လိုအပ်

အခု ၂၀၁၂ - ၂၀၁၃ ပညာ သင်နှစ်မှာ တစ်နှစ် စမ်းသပ် လုပ်ကိုင်ခွင့် ရရှိထားတဲ့ ကိုယ်ပိုင် ကျောင်း တွေဟာ လာမယ့် နှစ်မှာ ဆက်လက် သင်ကြားခွင့် ရဖို့
အတွက် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လျှောက်လွှာ များကို အသစ် ထပ်မံ တင်သွင်း ရမယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ၀က်ဘ်ဆိုဒ်မှာ ထုတ်ပြန်ချက်များ အရ သိရပါတယ်။ ဒီလို အသစ် ထပ်မံ တင်သွင်း ရာမှာတော့ လျှောက်လွှာတွေကို ဇန်န၀ါရီလ ၂၈ ရက်နေ့ မှစတင် ကာတိုင်း ဒေသကြီးနဲ့ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံး တွေမှာ လျှောက်ထား ရမှာ ဖြစ်ပါတယ်။

အဲ့ဒီလို လျှောက်လွှာ ရယူ လျှောက်ထား ရမှာလည်း ဖေဖေါ်ဝါရီလ ၈ ရက်နေ့ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ ပညာရေး ညွှန်ကြားရေးမှူးရုံး တွေကို တိုက်ရိုက် ပေးပို့ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုလို တစ်နှစ် စမ်းသပ် ဖွင့်လှစ်ခွင့် ရရှိသူတွေ အတွက် လျှောက်လွှာများ လက်ခံမှု သာမက ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် အတွက် ကိုယ်ပိုင်ကျောင်း တည်ထောင် လိုသူတွေနဲ့ ကိုယ်ပိုင်ကျောင်း ဆရာအဖြစ် ဆောင်ရွက် လိုသူတွေလည်း လျှောက်ထားမှု ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။

အဆိုပါ လျှောက်ထား လိုသူတွေကတော့ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေနဲ့ အညီ ဖွင့်လှစ်နိုင်သူတွေ ဖြစ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုအခါ နိုင်ငံတော် အစိုးရမှ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း များကို တရားဝင် ဖွင့်လှစ်ခွင့် ပြုထားပြီ ဖြစ်တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ ကိုယ်ပိုင်ကျောင်း အဖြစ်တည်ထောင် လိုသူများပြားလာပြီး ကြိုတင် ပြင်ဆင်မှု များလည်း စတင် ဆောင်ရွက် နေကြပြီ ဖြစ်တယ်လို့ သိရ ပါတယ်။
From : MRTV4  

SHARE THIS
Previous Post
Next Post