နိုင်ငံ အဆင့် ကင်းထောက်နှင့် လူရည်ချွန် စီမံကိန်း ထပ်မံ ရွေးချယ်ရန်ရှိ

နိုင်ငံအဆင့် ကင်းထောက်နဲ့ လူရည်ချွန် စီမံကိန်းတွေ ထပ်မံ ရွေးချယ်ဖို့ အတွက် ညှိနှိုင်း အစည်းအဝေးကို ဇန်န၀ါရီလ ၂၆ ရက်နေ့က စမ်းချောင်း မြို့နယ်ရှိ
ပညာ တန်ဆောင် အုပ်ချုပ်ရေးရုံး အစည်းအဝေး ခန်းမမှာ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရာမှာ ကင်းထောက် လူရည်ချွန်နဲ့ စာရိတ္တ မောင်မယ်တို့ကို နိုင်ငံ အဆင့် ရွေးချယ်ဖို့ အတွက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ဖို့ အတွက် အမှတ် ၁၊ ၂ နဲ့ ၃ အခြေခံ ပညာ ဦးစီး ဌာနများ အောက်ရှိ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များကို ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ရွေးချယ်ရာ မှာတော့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှ လူရည်ချွန် အတွက် ဦးရေ ငါးရာ့ တစ်ဆယ်နဲ့ ကင်းထောက် အတွက် ဦးရေ တစ်ထောင့် ရှစ်ရာ စီကို ရွေးချယ် သွားမှာ ဖြစ်ပါတယ်။ ဒီလို ရွေးချယ်ဖို့ အတွက် ပြုလုပ်တဲ့ အစည်းအဝေး မှာတော့ ပညာရေး ၀န်ကြီးဌာနမှ တာဝန် ရှိသူ များက လူရည်ချွန်များ အတွက် ၀တ်စုံ အစီအစဉ်များ၊ ရွေးချယ်ပွဲ ပြုလုပ်မယ့် နေရာများနဲ့ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များ ဆိုင်ရာ တွေကို ဆွေးနွေးမှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
From : MRTV4
 

SHARE THIS
Previous Post
Next Post