ရုရှားရေတပ်မှ စောင့်ကြပ်ပေးသည့် စစ်သင်္ဘောတစ်စင်းပေါ်တွင် ဆီးရီးယားသမ္မတ ခိုလှုံနေသည်ဟုဆို

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်နှင့် ၄င်း၏ မိသားစုသည် ရုရှားရေတပ်မှ စောင့်ကြပ်ပေးသည့် စစ်သင်္ဘောတစ်စင်းပေါ်တွင် ခိုလှုံနေသည်ဟု သတင်းများတွင် ဖော်ပြသည်။

ပြဿနာပတ်လည် ဝိုင်းနေသော အာဏာရှင် အာဆတ်သည် ၄င်း၏ မိသားစု၊ လက်ထောက်တချို့နှင့် အတူ ဆီးရီးယားကမ်းလွန်ပင်လယ်ပြင်ရှိ စစ်သင်္ဘော တစ်စင်းဆီသို့ သွားရောက်သည်ဟု သတင်းများတွင်
ဖော်ပြသည်။

ဆီးရီးယားသမ္မတသည် ရုရှား၏ ကာကွယ်စောင့်ရှောက်ပေးမှု
အောက်တွင်နေထိုင်လျက်ရှိကြောင်း၊ ယင်းမှာ ၄င်းအား နိုင်ငံရေးခိုလှုံခွင့်
ပေးအပ်ခြင်းဖြစ်ကြောင်း လုံခြုံရေး သတင်းရပ်ကွက်များက ဆော်ဒီနေ့စဉ် သတင်းစာတစ်စောင်က ပြောကြားသည်ဟု အစ္စရေးတိုင်းမ် သတင်းစာက သတင်းဖော်ပြသည်။

ဒမတ်စကတ်မြို့တော် အတွင်းသို့ အတိုက်အခံ တပ်ဖွဲ့များဝင်ရောက်
လာခြင်းအပေါ် သမ္မတအာဆတ်၏ စိုးရိမ်ပူပန်မှုမှာ စစ်သင်္ဘောဆီသို့ ၄င်းထွက်ခွာရခြင်း၏ အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်သည်ဟု
ထောက်လှမ်းရေး သတင်းရပ်ကွက်များက ရေးသားဖော်ပြသည်။

ရုရှားသည် ၂ဝ၁၁ ခုနှစ် မတ်လက ဆီးရီးယားနိုင်ငံတွင် လူထုအုံကြွမှု ဖြစ်ပွားပြီးနောက်ပိုင်း အာဆတ်အစိုးရ၏ အမာခံ မဟာမိတ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ဆီးရီးယား ပြည်တွင်းစစ်အတွင်း လူပေါင်း ၆ဝဝဝဝ ကျော် သေဆုံး
ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(ဒေးလီးမေးလ်)
Khit Lu Nge

Sunday, January 20, 2013 

SHARE THIS
Previous Post
Next Post