ဉာဏ်ဉာဏ် (မြစ်မခ)
by Myit Makha Mediagroup on 3 Jan, 2013
by Myit Makha Mediagroup on 3 Jan, 2013
ယခင်က ငွေကျပ် (၇)သိန်းခွဲဖြင့် ရောင်းချနေသည့် ဖိုက်ဘာအင်တာနက်လိုင်းတပ်ဆင်ခများကို ယခုအခါ ငွေကျပ် (၅)သိန်းသို့ ဈေးနှုန်းလျှော့ချ ရောင်းချလာကြာင်း သိရသည်။
အဆိုပါ ဖိုက်ဘာအင်တာနက်လိုင်းများကို Elite Tech ကုမ္ပဏီနှင့် Fortune ကုမ္ပဏီတို့မှ ရန်ကုန်မြို့ အတွက် တပ်ဆင်ပေးနေကြခြင်း ဖြစ်သည်။
ဖိုက်ဘာအင်တာနက်လိုင်းများအား
512 Kbps, 1Mbps, 2Mbps ဟူ၍ ခွဲခြားရောင်းချနေခြင်း ဖြစ်ပြီး 4Mbps
အင်တာနက်လိုင်း အတွက် သီးခြားလျှောက်လွှာများ တင်နိုင်ကြောင်းကိုလည်း
သိရသည်။
“လစဉ်ကြေးများနဲ့ နှစ်စဉ်ကြေးတွေကိုတော့ ပြောင်းလဲခြင်းမရှိဘဲ ကနဦး တပ်ဆင်ခကိုသာ လျှော့ချ ခဲ့ခြင်းဖြစ်တယ်”ဟု Fortune ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖိုက်ဘာအင်တာနက်စနစ်အား
Fortune Int''l Ltd ကုမ္ပဏီနှင့် Elite Tech ကုမ္ပဏီနှစ်ခုမှ Network
Provider အဖြစ် ရန်ကုန်မြို့အား ဇုန်နှစ်ခုသတ်မှတ်ကာ
ဆောင်ရွက်နေခြင်းဖြစ်ပြီး Fortune Int''l Ltd ကုမ္ပဏီမှ လက်ရှိတွင်
လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဒဂုံမြို့နယ်၊
အလုံမြို့ နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊
ရန်ကင်းမြို့နယ် (အချို့)၊ တာမွေမြို့နယ် (အချို့)၊ မရမ်းကုန်းမြို့နယ်
(အချို့)တွင် ဖိုက်ဘာအင်တာနက်စနစ်အား ၀န်ဆောင်မှုပေးလျက်ရှိသည်။
ပြည်တွင်း
အင်တာနက်လိုင်းများ၏ ကနဦး ဈေးနှုန်းများမှာ မြန်မာ့ဆက်သွယ်ရေး ADSL အင်တာ
နက်လိုင်း ၅ သောင်းကျပ်၊ ရတနာပုံတယ်လီပို့ ADSL အင်တာနက်လိုင်း ၁
သိန်းကျပ်၊ Wimax အင်တာနက်လိုင်း ၄ သိန်း ၅ သောင်းကျပ်တို့ဖြစ်ကြောင်း
သိရှိရသည်။
အဆိုပါ
ဖိုက်ဘာအင်တာနက်စနစ်အား လက်ရှိတွင် အင်တာနက်လိုင်းနှင့် VOIP တယ်လီဖုန်း
လိုင်းတို့အား ၀န်ဆောင်မှုပေးလျှက် ရှိပြီး Triple Play Service (အင်တာနက်၊
VOIP ဖုန်းလိုင်း၊ ရုပ်သံလိုင်း)အား နောက်ပိုင်းတွင်
ဝန်ဆောင်မှုပေးနိုင်တော့ မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
“ဈေးချလည်း connection က အရင်လို လိမ်ဖယ် လိမ်ဖယ်ဆိုဘာထူးမှာလဲ၊ကျွန်တော်တို့က connection ကောင်းတာကိုပဲ လိုချင်တာ၊”ဟု ဖိုက်ဘာအင်တာနက်စနစ်အား အသုံးပြုသူ ကိုစိုးထွန်းဦးကပြောသည်။