မန်စီးတီးက ထွက်ပြေးပြီး အေစီမီလန်ကို ဘာလော့တယ်လီ ပြဿနာတွေ ယူလာ


ပြောင်းရွှေ့ကြေး ပေါင်(၁၉.၅)သန်းဖြင့် အေစီမီလန်သို့ရောက်ရှိခဲ့သည့်
ဘာလော့တယ်လီက ၎င်းမှာ မန်စီးတီးမှထွက်ပြေးလာခဲ့ခြင်း
ဖြစ်ပြီးအေစီမီလန် အတွက် ကိုယ်စားပြုခွင့်ရရန် နှစ်များစွာကတည်းက ဆန္ဒရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ဘာလော့တယ်လီသည် ၂၀၁၀တွင် အင်တာမီလန်မှ မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့ကာ
ခြေစွမ်းကောင်းမွန်သည့် ကစားသမားဖြစ်သော်လည်း ပြဿနာရှာသည့် ၎င်း၏ အမူအကျင့်များကြောင့် မန်စီးတီးမှ ပြန်လည်ရောင်း ထုတ်ခဲ့ခြင်းဖြစ်သည်။

“အရင်နှစ်တွေကတည်းက အေစီမီလန် အတွက် ကစားခွင့်ရဖို့ ကျွန်တော်မျှော်လင့် ထားတာပါ။ ဒါကြောင့်လည်း အခွင့်အရေး ရရချင်း မန်စီးတီးက ထွက်ပြေးလာခဲ့တာပါ။ ဒီရာသီအစက မန်စီးတီးမှာ ခြေစွမ်း မပြနိုင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အသင်းနဲ့အသားကျမယ်လို့ ကျွန်တော် ထင်ပါတယ်။ အေစီမီလန်ကိုပြောင်းဖို့ ရွှေးချယ်ခဲ့တာ အသင်းအတွက်ရော၊ ကျွန်တော့်အတွက်ပါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ”ဟု ဘာလော့တယ်လီ
က ဆိုသည်။

သို့သော် ၎င်းသည် အေစီမီလန်အတွက် ပါဝင်ခွင့်မရသေးမီမှာပင် ပါတီပွဲ အခမ်းအနား၌ ပြဿနာဖြစ်ပွားခဲ့ပြီး ပရိသတ်(၅၀၀)ခန့် တက်ရောက်သော အဆိုပါ ပါတီပွဲတွင် ရဲတပ်ဖွဲ့ဝင်များ လာရောက်ထိန်းသိမ်းခဲ့ရသည်။ ယင်းကဲ့သို့ဖြစ်ပွားခဲ့ခြင်းကြောင့် အမာခံပရိသတ်တစ်ဦး ခေါင်းကွဲခဲ့ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ဆေးရုံတင်ပို့ခဲ့ရသည်။ ထို့အတွက် ဘာလော့တယ်လီမှာအေစီမီလန်အတွက်ပြဿနာများ ယူဆောင်လာသည့် ကစားသမားဟု ဝေဖန်မှုများရှိနေသည်။
မှ YoYarLay

လေးမြို့ ဘလော့ဂ်အား စဉ်ဆက်မပြတ် ၊ မရိုးရလေအောင် နှင့် သတင်းများ အလျင်အမြန်ဆုံးတင်ဆက်ပေးနိုင်အောင် ကြိုးစားနေပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ၀င်ရောက်ကြည့်ရှုသူများအားလည်း အထူးကျေးဇူးတင်ရှိပါသည်။....

SHARE THIS
Previous Post
Next Post