သားဖြစ်သူကို ထီးနန်း အရိုက်အရာ လွှဲပြောင်းပေးရန် နယ်သာလန် ဘုရင်မ ထီးနန်း စွန့်ပြီ

နယ်သာလန် နိုင်ငံ၏ ဘုရင်မ ဘီထရစ်ဇ်သည် သူမ၏ သားဖြစ်သူ မင်းသား ဝီလမ် အလက်ဇန္ဒားအား ထီးနန်း အရိုက် အရာကို လွှဲပြောင်း ရန်အတွက် ထီးနန်း စွန့်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

မင်းသား ဝီလမ် အလက်ဇန္ဒားသည် ထီးနန်းကို ဆက်ခံရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည့်အတွက် ထီးနန်း ကို စွန့်ခဲ့ခြင်း ဖြစ်ကြောင်း ဘုရင်မ ဘီထရစ်ဇ်က နိုင်ငံပိုင် ရုပ်သံမှ တစ်ဆင့် ပြည်သူများထံ ပြောကြား ခဲ့သည်။ဝီလမ် အလက် ဇန္ဒားသည် လာမည့် ဧပြီ ၃ဝ ရက်တွင် နယ်သာလန် နိုင်ငံ၏ ဘုရင်အဖြစ် ထီးနန်းကို တရားဝင် ဆက်ခံမည်ဖြစ်ပြီး မင်းသမီး မက်ဇီမာ ဇော်ရီ ဂွေတာနှင့် လက်ထပ်ပြီးနောက် သားသမီး သုံးဦး ထွန်းကား ခဲ့သည်။

အသက် ၄၅ နှစ် အရွယ်ရှိပြီ ဖြစ်သည့် မင်းသား ဝီလမ်သည် မကြာမီ နယ်သာလန် နိုင်ငံ၏ ဘုရင် ဖြစ်လာ တော့မည် ဖြစ်သည့်အတွက် ထီးနန်းနှင့် မသင့်လျော်သည့် အရာ အားလုံးကို စွန့်လွှတ် ရမည် ဖြစ်သည်။သို့ရာတွင် နယ်သာ လန် နိုင်ငံ၏ နိုင်ငံရေး ကိစ္စများ၌ ယခုအခါ တော်ဝင် မိသားစု၏ ပါဝင်မှု အခန်းကဏ္ဍ သည် လျော့နည်း လာသည်ကို တွေ့ရသည်။

ဘုရင်မ ဘီထရစ်ဇ်သည် ၁၉၈ဝ ပြည့်နှစ်က မိခင်ဖြစ်သူ ဘုရင်မ ဂျူလီယာနာ ထံမှ ထီးနန်း အရိုက်အရာကို ဆက်ခံ ခဲ့သော နယ်သာလန် နိုင်ငံ၏ ဆဋ္ဌမမြောက် ထီးနန်း ဆက်ခံသူ ဖြစ်ကြောင်း သိရသည်။

မှ မြ၀တီ


SHARE THIS
Previous Post
Next Post