မီဒီယာ ဥပဒေအား ၇လအတွင်း ပြည်သူ့လွှတ်တော်မှ အတည်ပြုနိုင်ရေး ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီက ရေးဆွဲနေတဲ့ ပုံနှိပ်နှင့် သတင်း မီဒီယာ ဥပဒေကို လာမယ့် ၇ လတာ ကာလ အတွင်း ပြည်သူ့ လွှတ်တော်မှ
အတည်ပြု နိုင်ရေး အတွက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီ အနေနဲ့ သက်တမ်း ကာလ တစ်နှစ်ဖြစ်ပြီး အခုဆိုရင် တာဝန် ထမ်းဆောင် သက်တမ်း ၅ လရှိနေပြီး ဖြစ်ပါတယ်။

ဒါကြောင့် ကျန်တဲ့ ၇ လတာ ကာလ အတွင်း မှာအဆိုပါ ဥပဒေကို ပြည်သူ့ လွှတ်တော်မှ အတည်ပြု နိုင်ရေး အတွက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဥပဒေ ပထမ မူကြမ်း မှာတော့ အခန်း ၇ ခန်းပါ ရှိတာ ဖြစ်ပြီး အမည်နှင့် အဓိပ္ပါယ် ဖော်ပြချက်၊ ဥပဒေ၏ ရည်ရွယ်ချက်များ၊ ပုံနှိပ်နှင့် သတင်း မီဒီယာသမား များရဲ့ ရပိုင်ခွင့်များ၊ စာနယ်ဇင်းနှင့် သတင်း မီဒီယာ သမားများ လိုက်နာရမယ့် တာဝန်များ သတ်မှတ်ချက်များ၊ သတင်း မီဒီယာ ကောင်စီ ဖွဲ့စည်းခြင်း၊ ပုံနှိပ်နှင့် သတင်းမီဒီယာ လုပ်ငန်းများ တည်ထောင်ခြင်းနဲ့ အထွေထွေ ပြဋ္ဌာန်းချက် အစရှိသဖြင့် ပါဝင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီ အနေနဲ့ မီဒီယာ လောကသား အချင်းချင်း ဖြစ်တဲ့ ပြဿနာတွေ ကိုလည်း လိုအပ်ပါက ကြားဝင်ဖြေရှင်း ပေးသွားမှာ ဖြစ်ပြီး နောက်ပိုင်း မှာလည်း Media သမားများ အသိဉဏ် ပညာပိုမိုဖြည့်ဆည်း ပေးနိုင်ဖို့ အတွက် အလုပ်ရုံ ဆွေးနွေးမှုများ၊ Capacty Building သင်တန်းများ လုပ်ဆောင် သွားဖို့လည်း ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
  

SHARE THIS
Previous Post
Next Post