မော်ရင်ဟို အင်္ဂလန်သို့ ပြန်လည်ခြေချမည်

စိန့်ဂျော့ပက်ခ်တွင် ကျင်းပပြုလုပ်သော လိဂ်နည်းပြများဆွေးနွေးပွဲ ကို တက်ရောက်လာသော မော်ရင်ဟိုက ၎င်းအနေဖြင့် အနာဂတ် တွင် အင်္ဂလန်ဘောလုံးလောကသို့ ပြန်လည်ခြေချမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ မော်ရင်ဟိုက ကျန်လိဂ်ပြိုင်ပွဲများတွင် ခံစားရ သော စိတ်လှုပ်ရှားမှုမျိုးမှာ အင်္ဂလန်ပြိုင်ပွဲများကို လိုက်မမှီနိုင်ဟု ဆိုခဲ့သည့်အပြင် အင်္ဂလန်ရှိပရိသတ်များမှာ ကလပ်များအပေါ် အရူးအမူးစွဲလမ်းခြင်းမဟုတ်ဘဲ ဘောလုံးနှင့် ပတ်သက်လျှင် မက်မောမှုပြင်းထန်သည်ဟု ဆိုသည်။

ထို့အပြင် မော်ရင်ဟိုက အင်္ဂလန်ဘောလုံးနှင့်ပတ်သက်၍ ၎င်းတွင် မေ့မရနိုင်သော အဖြစ်အပျက်များရှိနေကြောင်း၊ သို့သော် အင်္ဂလန် မှ ပြောင်းရွှေ့ပြီး ကျန်လိဂ်ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့ခြင်း ကြောင့် အင်္ဂလန်မှထွက်ခွာခဲ့ခြင်းကို နောင်တမရကြောင်း၊သို့သော် တစ်ချိန်ချိန်တွင် အင်္ဂလန် ဘောလုံးလောကသို့ ပြန်လာမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ သည်။

မနက်ဖြန်တွင် ၀င်ဘလေ၌ကျင်းပ မည့် အက်ဖ်အေ၏နှစ်(၁၅၀)ပြည့် အခမ်းအနားသို့ တက်ရောက်ရန် မော်ရင်ဟိုကို ဖိတ်ကြားခဲ့သော်လည်း ယနေ့ညတွင် ဗလင်စီယာ နှင့် စပိန်ဘုရင့်ဖလားပွဲရှိနေခြင်းကြောင့် မော်ရင်ဟိုအနေဖြင့် တက်ရောက်နိုင်ခြင်းမရှိပေ။ အင်္ဂလန်ဘောလုံးလောကတွင် အောင်မြင်မှုရရှိခဲ့သူများအား ဖိတ်ကြားထားသည့် အဆိုပါ အခမ်းအနားမှာ အက်ဖ်အေ၏နှစ်၁၅၀ပြည့် အစီအစဉ်တစ်ရပ် ဖြစ်ကာ လာမည့်ဖေဖော်ဝါရီ၃ရက်နေ့တွင် စိန့်ဂျော့ပက်ခ်၌ ပြုလုပ်မည့် ၃ရက်ကြာ အခမ်းအနားတွင်မှု ဘရာဇီးဂန္ထ၀င်ပီလီ
ကို အထူးဧည့်သည်အနေဖြင့် ဖိတ်ကြားထားပြီး လက်ရွေးစင် အသင်း၏တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ယင်းအခမ်းအနားတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
http://yoyarlay.com/sport/football/33856-2013-01-15-01-28-55

SHARE THIS
Previous Post
Next Post