ကိုယ်ပိုင်ကျောင်း တည်ထောင် ကိုယ်ပိုင် ကျောင်းဆရာ လျှောက်ထားနိုင်

၂၀၁၃-၂၀၁၄ ပညာသင် နှစ်အတွက် ကိုယ်ပိုင် ကျောင်းများကို တည်ထောင် ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ရာ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေ ၊ နည်းဥပဒေ များနှင့် အညီ ကိုယ်ပိုင်ကျောင်း တည်ထောင် ဖွင့်လှစ် လိုသူများ ၊ ကိုယ်ပိုင် ကျောင်းဆရာ အဖြစ် လျှောက်ထား လိုသူများသည် ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီ ၂၈ ရက်မှ စတင်၍ တိုင်းဒေသကြီး / ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ရုံးများတွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လျှောက်လွှာ များကို ထုတ်ယူနိုင်ပြီး ဖေဖော်ဝါရီ ၈ ရက်ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ရုံးများသို့ တိုက်ရိုက် လျှောက်ထား ရမည် ဖြစ်ကြောင်း နှင့် ၂၀၁၂-၂၀၁၃ ပညာသင် နှစ်တွင် တစ်နှစ် စမ်းသပ် ဖွင့်လှစ်ခွင့် ရရှိခဲ့သည့် ကိုယ်ပိုင် ကျောင်းများ သည်လည်း ကိုယ်ပိုင် ကျောင်း မှတ်ပုံတင် လျှောက်လွှာ များကို အသစ် ထပ်မံ တင်သွင်း ရမည် ဖြစ်ကြောင်း သိရှိရသည်။

SHARE THIS
Previous Post
Next Post