အိန္ဒိယနိုင်ငံသည် ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သည့် တာလတ်ပစ် ပဲ့ထန်းဒုံးပျံအား အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့

၂၉-၁-၂၀၁၃

http://myawady-myawady.blogspot.com/2013/01/blog-post_3704.html

အိန္ဒိယ နိုင်ငံသည် ရေငုပ်သင်္ဘော တွင် တပ်ဆင် ပစ်ခတ် နိုင်သော တာလတ်ပစ် K-15 ပဲ့ထိန်း ဒုံပျံအား Visakhapatnam ကမ်းလွန်မှ ဇန်န၀ါရီ ၂၇ ရက်နေ့တွင် အောင်မြင်စွာ စမ်းသပ် ပစ်ခတ် နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုံးပျံ စမ်းသပ်မှုသည် ၁၂ ကြိမ်မြောက် ဖြစ်ကြောင်း ၊ ဒုံးပျံ အလျားမှာ ၁၀ မီတာ ရှိကြောင်း နှင့် ၄င်းဒုံးပျံ သည် အမြင့် ၂၀ ကီလိုမီတာ မှ ပျံသန်းကာ ကီလိုမီတာ ၇၀၀ အကွာရှိ ဘင်္ဂလား ပင်လယ်အော် မှ ပစ်မှတ်ကို ထိမှန် ခဲ့ကြောင်း သိရသည်။

အဆိုပါ K-15 ပဲ့ထိန်း ဒုံးပျံသည် အကွာအဝေး ကီလိုမီတာ ၇၀၀ အတွင်းရှိ ပစ်မှတ်များ အားလုံးကို ထိရောက်စွာ ပစ်ခတ်နိုင်သည့် နည်းဗျူဟာမြောက် တာလတ်ပစ် ဒုံးပျံ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး၏ နည်းပညာ ဆိုင်ရာ အကြံပေး ဖြစ်သူ V.K Saraswat က ပြောကြား ခဲ့သည်။ အဆိုပါ ဒုံးပျံအား စမ်းသပ်မှုများ ပြုလုပ် ပြီးပါက ပြည်တွင်းဖြစ် နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘော INS Arihant တွင် တပ်ဆင်ခြင်း လုပ်ငန်းကို မကြာမီ စတင် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နျူကလီးယား ထိပ်ဖူးတပ် ဒုံးပျံ ၁၂ စင်းကို ၄င်း ရေငုပ်သင်္ဘော တွင် တပ်ဆင် သွားမည် ဖြစ်ကြောင်း နှင့် ဒုံးပျံတစ်စင်းလျှင် ၆ တန် အလေးချိန် ရှိကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံသည် အမေရိကန် ၊ ရုရှား ၊ ပြင်သစ် နှင့် တရုတ် နိုင်ငံတို့ ပြီးလျှင် ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သည့် တာလတ်ပစ် ပဲ့ထိန်း ဒုံးပျံ ပိုင်ဆိုင်သော ပဉ္စမမြောက် နိုင်ငံ ဖြစ်လာသည်။ ထို့အပြင် အခြား နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ၃ စီးကိုလည်း တည်ဆောက် လျက် ရှိကြောင်း ၊ ၄င်းတို့ အနက် တစ်စီးမှာ Visakhapatnam သင်္ဘောကျင်း တွင် လည်းကောင်း ၊ ကျန် ၂ စီးမှာ Vadodara သင်္ဘောကျင်း တွင်လည်းကောင်း တည်ဆောက် လျက် ရှိကြောင်း နှင့် အကွာအဝေး ကီလိုမီတာ ၃၀၀၀ အထိ ရောက်ရှိ ပစ်ခတ်နိုင်သည့် K-4 ဒုံးပျံများ ကိုလည်း တီထွင် ထုတ်လုပ်လျက် ရှိကြောင်း သိရှိရသည်။

myawady

SHARE THIS
Previous Post
Next Post