ရေဒီယိုသတ္တိကြွစံချိန်ချိုး ငါးတစ်ကောင်ဖမ်းမိ


ကိုဒေ(မြစ်မခ)
by Myit Makha Mediagroup on 24 Jan, 2013



ဂျပန်နိုင်ငံ ဖူကူရှီမားမြို့၌ ဆူနာမီပြီးနောက် ဆိုးရွားလှသည့် အနုမြူ မတော်တဆမှုကြီးဖြစ်ပွားပြီးချိန်တွင် အခင်းဖြစ်ပွားခဲ့သည့်   နေရာအနီး၌ ရေဒီယိုသတ္တိကြွစံချိန်ချိုး ငါးတစ်ကောင်ကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
 
ဒီငါးကိုတော့ မိုက်လို့ အမည်ပေးထားပါတယ်။ မိုက် မှာပါတဲ့ ရေဒီယိုသတ္တိကြွမှုနှုန်းကတော့ လက်ခံနိုင်တဲ့ အတိုင်းအတာထက် အဆပေါင်း ၂၅၀၀ ပိုများနေပါတယ်ဟု TEPCOမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
မိုက်အား တိုင်းတာကြည့်ရာ၌ ၁ ကီလိုဂရမ်မှာ ရေဒီယို သတ္တိကြွမှု ၂၅၄,၀၀၀ becquerels အထိရှိနေခဲ့ကြောင်းနှင့် လူအများ စားသုံးနိုင်သည့် ရေဒီယိုသတ္တိကြွပမာဏမှာ ၁ ကီလိုဂရမ်တွင် ၁၀၀ becquerels ဖြစ်သည်။
 
ပြီးခဲ့သည့်နှစ် ဩဂုတ်လ(၂၁)ရက် နေ့က ဖမ်းမိခဲ့သည့် ရေဒီယိုသတ္တိအကြွဆုံးငါးမှာ တစ်ကီလိုဂရမ်တွင် ၂၅၈၀၀ becquerels အထိပဲ ပါရှိခဲ့ကြောင်းကိုလည်း သိရသည်။
 
TEPCO ( Tokyo Electric Power Company ) မှ တာဝန်ရှိသူများအနေဖြင့် အခင်းဖြစ်ပွါးခဲ့သည့် ဖူကူရှီးမား ဒိုင်ချီ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့်  ၂၀ ကီလိုမီတာ အနီးတဝိုက်တွင် ရေဒီယိုသတ္တိကြွငါးများ အပြင်ထွက်၍ အခြား ငါးများအား အစားမခံရစေရန် ပိုက်များ ချထားကြောင်းကိုလည်း TEPCOမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
မိုက်မှာ ကျွန်တော်တို့ မျှော်လင့်ထားသလို ရေဒီယိုသတ္တိကြွပြီးတဲ့နောက် မျက်လုံးသုံးလုံးပါလာတာတို့၊ ခြေထောက်တွေ ပါလာတာတို့နဲ့ အခြားထူးခြားတဲ့ခန္ဓာကိုယ်အပြောင်းအလဲတွေတော့ ထူးထူးခြားခြားမတွေ့ရပါဘူး။ဟု ၄င်းက ပြောသည်။


SHARE THIS
Previous Post
Next Post