ငြိမ်းချမ်းရေးလမ်းလျှောက်သူများခရီးဆက်လက်ချီတက်ပြီး အလှူငွေများလည်း လက်ခံရရှိ

ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသော ပဋိပက္ခများရပ်တန့်ပြီး ငြိမ်းချမ်းရေးရရှိစေရေးအတွက် လမ်းလျှောက်သူ များ ဆက်လက် ခရီးချီတက်လျက်ရှိပြီး လက်ရှိအချိန်တွင် ဒုက္ခသည်များ အတွက် အလှူငွေကျပ် ၁၅သိန်းနှင့် တန်ဖိုး ငါးသိန်းရှိ လှူဒါန်းပစ္စည်း အချို့ရရှိနေပြီဖြစ်ကြောင်း အဆိုပါ လမ်းလျှောက်ချီတက်သူများတွင် ဦးဆောင်ပါဝင်သူ ကိုရန်နိုင်ထွန်းက ပြောကြားသည်။

“ပဲခူးအ၀င်မှာ သက်ဆိုင်ရာက လာတားတယ်။ အဓီက အလံတောင်တဲ့ကိစ္စပါ။ အခု အဲဒီငြိမ်းချမ်းရေးအလံ တွေကို လည်ပင်းမှာပဲစည်းထားလိုက်တယ်။ ၁၅သိန်းက နာရေးကူညီမူအသင်း(ရန်ကုန်)က ၁၀သိန်းနဲ့ အ၀တ်အထည် လှူတယ်။ ရွှေည၀ါဆရာတော်က လေးသိန်းလှူတယ်” ဟု ၄င်းကဆက်လက်ပြောကြားသည်။

ဇန်န၀ါရီလ ၂၂ရက်ည ပဲခူးမြို့တပ်ဦးကျောင်းတွင် ညအိပ်သည့်အချိန်၌ သက်ဆိုင်ရာမှ ငြိမ်းချမ်းရေးလမ်း လျှောက်သူများကို ဘုန်းကြီးကျောင်းတွင် အိပ်ခွင့်မပြုရန် ကျောင်းထိုင်ဆရာတော်သို့လာရောက်ပြောကြားကြောင်း၊ ညဘက်အချိန်၌လည်း မီးဖျက်ခြင်းများပြုလုပ်သည် ကိုလည်းကြုံတွေ့ခဲ့ရကြောင်း ကိုရန်နိုင်ထွန်းကပြောကြားသည်။

“ မနေ့က ည၇နာရီလောက်မှာ လမ်းကလိုက်ပြီး အားပေးတဲ့အမျိုးသမီး တစ်ယောက် ဆိုင်ကယ်တိုက်ခံလိုက် ရတယ်။ ခေါင်းထိသွားတယ်။ ယာဘက်ခြေထောက်လည်း ဒဏ်ရာရသွားတယ်။

ဒီကိစ္စကို သွေးရိုးသားရိုးပဲဖြစ်ပါ စေလို့ဆုတောင်းတယ်” ဟု လမ်းလျှောက်ချီတက်သူများအဖွဲ့တွင် ဦးဆောင်ပါဝင်သူ ကိုရန်နိုင်ထွန်းက ပြောကြားသည်။

Posted From Venus News Weekly

ဝင်းဇော်နိုင်
ရန်ကုန်၊ ဇန်န၀ါရီ-၂၃

SHARE THIS
Previous Post
Next Post