အမျိုးသမီးများ ပုံမှန်လမ်းလျှောက်ပါက လေသင်တုန်း ဖြစ်ပွားမှု နည်းပါး

သီတင်းပတ် တစ်ပတ်လျှင် သုံးနာရီ ကျော်ကြာ လမ်းလျှောက်လေ့ ရှိသော အမျိုးသမီး များသည် လမ်းမ လျှောက်သူ အမျိုးသမီး များထက် လေသင်တုန်း ရောဂါ ဖြစ်ပွားမှု လျော့နည်း နိုင်ဖွယ်ရှိကြောင်း စပိန် သုတေသီ များ၏ လေ့လာ တွေ့ရှိချက်များ အရ သိရသည်။ Stroke ဂျာနယ်တွင် ဖော်ပြခဲ့သော ပုံမှန် လမ်းလျှောက်ခြင်းဖြင့် ရောဂါ ဖြစ်ပွားမှု လျော့နည်းသည် ဟူသော အချက်ကို သက်သေ ပြနိုင်ခြင်း မရှိသော်လည်း တိကျသော ရောဂါ အမျိုးအစား များအတွက် သင့်လျော် သော ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ရောဂါ ဖြစ်ပွားမှုကို လျော့နည်း စေနိုင်သည့် အချက် အား သုတေသန ပညာရှင် များက ထောက်ခံခဲ့သည်။ ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ဦးနှောက် အတွင်းရှိ သွေးကြောများ အတွင်း သွေးခဲခြင်းနှင့် သွေးကြော ပေါက်ခြင်းကို ဖြစ်စေသော လေသင်တုန်း ရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ် နေသည်ကို သုတေသီ များ၏ လေ့လာမှု များ အရ သိရသည်။ ထိုကဲ့သို့ လေ့ကျင့်ခန်း များကို ပုံမှန် ပြုလုပ်ခြင်းသည် ကျန်းမာရေး အတွက် ကောင်းမွန်သော လေ့ကျင့်မှု တစ်ရပ်ဖြစ်ကြောင်း စပိန် နိုင်ငံ မာစီရာ ဒေသဆိုင်ရာ ကျန်းမာရေး အဖွဲ့မှ အကြီးအကဲ ဂျိုစ့်မာရီ ဟွာတာက ရိုက်တာ ကျန်းမာရေး ဌာနသို့ ပြောကြားခဲ့သည်။ သီတင်း တစ်ပတ်လျှင် မိနစ် ၂၁ဝ ကြာ လမ်းလျှောက်လေ့ ရှိသော အမျိုးသမီး များသည် လမ်းလျှောက်မှု မရှိ သော အမျိုးသမီး များထက် လေသင်တုန်း ရောဂါ ဖြစ်ပွားမှုကို လျော့နည်း စေနိုင်သည့် အပြင် စက်ဘီးစီးသူ များနှင့် အချိန်တို အတွင်း လေ့ကျင့်ခန်း ပြင်းထန်စွာ လုပ်သော သူများထက်လည်း လေသင်တုန်း ရောဂါ ဖြစ်ပွားမှုကို လျော့နည်း စေနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်မှုနှင့် စပ်လျဉ်း၍ ဥရောပ ကင်ဆာ တိုက်ဖျက်ရေး အစီအစဉ်က အမျိုး သား၊ အမျိုးသမီး ၃၃ဝဝဝ နီးပါးကို ၁၂ နှစ်ကြာ လေ့လာခဲ့ရာ လေဖြတ်ရောဂါ ခံစားရသော အမျိုးသား၊ အမျိုး သမီး စုစုပေါင်း ၄၄၂ ဦးခန့် ရှိကြောင်း သိရသည်။ ပုံမှန် လမ်းလျှောက်သူ အမျိုးသမီး များသည် လမ်းမလျှောက်သူ များထက် လေသင်တုန်း ရောဂါ ဖြစ်ပွားမှု ၄၃ ရာခိုင်နှုန်း လျော့နည်း စေနိုင်ကြောင်း တွေ့ရှိရပြီး လေ့ကျင့်ခန်း ပြုလုပ်သော အမျိုးသား များတွင် လေသင်တုန်း ရောဂါ ဖြစ်ပွားမှု လျော့ကျခြင်း မရှိသည်ကို သုတေသန ပြုချက်များ အရ သိရသည်။ ထို့ကြောင့် လူတိုင်းသည် လမ်းလျှောက်ခြင်းကို တစ်ပတ်လျှင် နှစ်နာရီခွဲ သုံးနာရီမျှ ပြုလုပ်သင့်ကြောင်း ချီကာဂို တက္ကသိုလ်မှ သုတေသန ပညာရှင် ဝီဆင်ကာဗာက ပြောကြားခဲ့သည်။ မှ မြ၀တီသတင်း

SHARE THIS
Previous Post
Next Post