ပြည်သူအများလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အားတိုးချဲ့မည်

ပြည်သူများလုံခြုံမှုရှိစေရန်အတွက် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ
အရ ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်ကယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့အင်အားကိုသမ္မတထံစာတင်ထားပြီး မြန်မာတစ်နိုင်ငံလုံး
အတိုင်းအတာအရ ပြည်သူနှင့် ရဲ့တပ်ဖွဲ့ဝင် အချီုးညီမျှစေရန်အတွက် ရဲတပ်ဖွဲ့စခန်းကိုတိုးချဲ့ခြင်း ခေတ်နှင့်လျော်ညီသည့် ရဲ့တပ်ဖွဲ့တပ်ရင်းများကို တိုးချဲ့ဖွဲ့စည်းချင်းတို့ကို နိုင်ငံတော်
သမ္မတရုံးသို့တင်ပြချက်ရယူပြီး အင်အားတိုးချဲ့ဖွဲ့စည်းခန့်ထားပေးရန်
ဆောင်ရွက်လျက်ရှိပါတယ်ဟု ၄င်းကထပ်လောင်းပြောကြားခဲ့သည်။

အေးချမ်းမွန်မှ Messenger News Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မှ Messenger News Journal

SHARE THIS
Previous Post
Next Post