လာမည့်ဘတ်ဂျတ်အတွင်း အစိုးရ၀န်ထမ်းများအား လစာတိုးပေးရန် အစီအစဉ်မရှိ



ဗညားဦး (နေပြည်တော်)

လာမည့်ဘတ်ဂျတ်နှစ်အတွင်း အစိုးရ၀န်ထမ်းများ အတွက် လစာတိုးပေးရန် အစီအစဉ် မရှိသေးပါကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န် ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။

သီပေါမဲဆန္ဒနယ်မှ ပြည်ထောင်စုဝန်ကြီး ဦးရဲထွန်း၏ လာမည့်ဘတ်ဂျတ်နှစ် အတွင်း ၀န်ထမ်းများအား လစာတိုးပေးမည်ဟု ကတိပေးထားပြီးဖြစ်ရာ လစာ တိုးပေးပြီးနောက် ငွေကြေးဖောင်ပွမှု မဖြစ်စေရန် မည်သည့် အစီအမံ များ ချထားဆောင်ရွက်နေသည်ကို သိရှိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး တွင် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ယင်းကဲ့ သို့ ပြောကြားခြင်းဖြစ် သည်။

ရန်ကုန်မီဒီယာဂရု

SHARE THIS
Previous Post
Next Post