"ငြိမ်းချမ်းရေး တေးသံ-ပြည့်အားမာန်"

ရခိုင်အမျိုးသားကွန်ရက်မှ စီစဉ်ပြုလုပ်မည့် "ငြိမ်းချမ်းရေး တေးသံ-ပြည့်အားမာန်" တေးဂီတဖျော်ဖြေပွဲအား 2013 February 22 ရက်တွင် MCC ခန်းမ၌ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်…
၎င်းတေးဂီတ ဖျော်ဖြေပွဲတွင် တိုင်းရင်းသားတေးသံရှင် ပေါင်းစုံပါဝင်မှာဖြစ်သလို တိုင်းရင်းသားပေါင်းစုံတို့၏ ယဉ်ကျေးမှု ရိုးရာအကများကိုလည်း ထည့်သွင်းတင်ဆက်သွားမှာ ဖြစ်ပါတယ်…တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်မည့် ဤအစီအစဉ်မှ ရရှိမည့် အကျိုးအမြတ်များကို ပြည်ထောင်စုတိုင်းရင်းသားများ၏ အဓိကလိုအပ်နေသောနေရာများဖြစ်သောကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များနဲ့ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားဒုက္ခသည်များအားဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်…

SHARE THIS
Previous Post
Next Post