ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ဆုံးရှုံး

နေပြည်တော်၊ ဇန်န၀ါရီ ၃

၂-၁-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်ရှိ အားမာန်သစ် ကွန်ပျူတာဆိုင်မှ အလုပ်သမား ရာဇာထွန်း(၂၁)နှစ်သည် ဘက္ထရီအိုး အားသွင်းထားရာက ၀ါယာရှော့ခ်ဖြစ်ပြီး မီးလောင်ခဲ့ရာ သွပ်မိုး၊ အုတ်ကာ(၁)ထပ် ကွန်ပျူတာဆိုင် မီးလောင်ဆုံးရှုံးခဲ့သည်။ ထို့ပြင် အနီးရှိ သွပ်မိုး၊ ထရံကာ(၁)ထပ်အိမ်အား အနည်းငယ် ကူးစက်လောင်ကျွမ်းခဲ့ပြီး ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၀၃၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၂၄၂၀၀၀ိ/-) ဆုံးရှုံးခဲ့ပြီး လူ/တိရိ စ္ဆာန် ထိခိုက် သေဆုံးမှုမရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ရာဇာထွန်းအား ပလက်ဝရဲစခန်း (ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
မှ မြ၀တီ

SHARE THIS
Previous Post
Next Post