မြန်မာကျပ်ငွေ ၇ သောင်းဝန်းကျင်တန် ဂိမ်းစက် တစ်မျိုး မိတ်ဆက်

Ouya အမည်ရ ဂိမ်းစက်ကိုပဲ သေးလှပြီး၊ ဈေးသက်သာလှပြီလို့ ထင်နေတာ သူ့ထက်သေးပြီး ဈေးသက်သာတဲ့ ဂိမ်းစက်တစ်မျိုး ပေါ်ပေါက် လာပြန်ပါ တယ်။

အထွက်လည်းမြန်မှာ ဖြစ်ပြီး လာမယ့် မတ်လဆိုရင် ဈေးကွက် စတင်ဖြန့်ချိပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဂိမ်းစက်က Stick တစ်ချောင်း ပဲ ဖြစ်ပါတယ်။ စတစ်ခ် တစ်ချောင်းနဲ့ ဂိမ်းခလုပ်တစ်ခု တည်း ဖြစ်ပြီး စတစ်ခ်ကို ခလုပ်ထဲမှာ ထည့်ပေးထား ပါတယ်။ ဆော့မယ် ဆိုရင် စတစ်ခ်ကို HDMI ပေါက်ပါတဲ့ တီဗီ၊ ကွန်ပြူတာ၊ လပ်ပ်တော့၊ Tablet တို့မှာ ဆက်ပြီး ဆော့လို့ရမှာ ဖြစ်ပါတယ်။

စတစ်ခ်တစ်ချောင်းဆိုပေမယ့် အထင်သေးလို့ မရပါဘူး။ ဆော့ရမယ့် ဂိမ်းက PS 3 ထဲကလို Resolution ကောင်း၊ Graphic ကောင်း ဂိမ်းများလည်း ပါဝင်ပါတယ်။ စတစ်လေးရဲ့  Spec အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Processor :Amlogic 8726-MX

Memory :1GB DDR3 / 8GB NAND Flash

Connection :HDMI ,WiFi,Bluetooth

O/S :Android Jelly Bean

Controller :Full-featured Bluetooth controller + support for four additional controllers

ကြိုးတောင် မလိုပါဘူး။ ဝိုင်ဖိုင်နဲ့ကော အလုပ်လုပ်နိုင်ပြီး Bluetooth လည်း ပါဝင်ပြီးသား ဖြစ်ပါတယ်။ စတစ်ခ်နဲ့ ခလုပ်ခ်ကြား ဆက်သွယ်မှုက ပရိုဂရမ် အသေသွင်းထားတဲ့ Bluetooth စနစ်နဲ့ ဖြစ်ပါတယ်။ Android OS ကိုသာ အခြေခံရေးဆွဲထားခြင်း ဖြစ်တဲ့အတွက် ဂိမ်းကလည်း Android platform ပေါ်က ဂိမ်းတွေပဲ ဖြစ်ပါတယ်။ ဂိမ်းခပ်လန်းလန်းများ ရေးဆွဲနိုင်ဖို့ Andorid Developer များကို ဖန်တီးသူ PlayJam ကုမ္မဏီက ဖိတ်ခေါ် ထားပါတယ်။

လာမယ့် CES အိုင်တီပစ္စည်း ကုန်စည်ပြပွဲမှာ အသေးစိတ် ဝင်ရောက်ပြသသွားမှာ ဖြစ်ပြီး ဈေးနှုန်းကို ၇၅ ဒေါ်လာ ဝန်းကျင်ပဲ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့ဆို ၇သောင်းဝန်းကျင်ပဲ ရှိပါတယ်။ အသေးစိတ် အချက်အလက်များကို Game Stick ရဲ့  တရားဝင်ဝဘ်ဆိုဒ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

http://www.gamestick.tv/

http://blog.techspace.com.mm/2013/01/blog-post_3.html

အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post