မြန်မာ-ထိုင်း နယ်စပ်ဂိတ်ပေါက် သုံးခုမှ ဆိုက်ရောက်ဗီဇာ ထုတ်ပေးရန် စီစဉ်နေ

ရန်ကုန်၊ ဇန်န၀ါရီ-၂၇
မြန်မာ-ထိုင်း နယ်စပ်ဝင်ပေါက် သုံးခုဖြစ်သော တာချီလိတ်၊ မြ၀တီနှင့် ကော့သောင်းမြို့များတွင် ဆိုက်ရောက်ဗီဇာဖြင့် ကမ္ဘာ့လှည့် ခရီးသွားများ ၀င်ထွက်သွားလာ
နိုင်ရန် စီစဉ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောသည်။

ဂိတ်သုံးခုမှ လာရောက်သော နိုင်ငံသားများထဲမှ စီးပွားရေးလုပ်ငန်းရှင်များအား ဆိုက်ရောက်ဗီဇာဖြင့် ၀င်ခွင့်ပြုမည်ဖြစ်ပြီး၊ ထိုဂိတ်ပေါက်မှ ပြန်ထွက်စရာ မလိုဘဲ
အဆင်ပြေသော ထွက်ပေါက်မှ ပြန်လည်ထွက်ခွာနိုင်ကြောင်း ၀န်ကြီးဦးခင်ရီက ပြောသည်။

“ပတ်စ်ပို့ ဖတ်တဲ့စက်တွေ တပ်ပြီးသွားပြီ။ လမ်းတွေနည်းနည်းပြင်နေတာ ကျန်သေးတယ်။ ကျွန်တော်ထင်တယ်။ နောက် နှစ်လ၊ သုံးလ လောက်ဆိုရင်စလို့ရပြီ” ဟု ဦးခင်ရီကပြောသည်။

ထိုအပြင် အွန်လိုင်းမှ ဗီဇာလျှောက်ထားနိုင်သော e-visa စနစ်မှာ ငွေပေးချေရေးနှင့် ဆိုင်သောလုပ်ဆောင်ချက်သာ ကျန်ရှိပြီး မကြာမီဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။

ယခုနှစ် ခရီးသွားရာသီမှစ၍ နိုင်ငံတကာမှာ မြန်မာနိုင်ငံသို့ နေ့စဉ် လေယာဉ် ၃၅ စီးခန့် ဆင်းသက်ပျံသန်းနေပြီး တစ်ရက်လျှင် ခရီးသည် ၃၀၀၀ ခန့်
ဝင်ထွက်နေကြောင်း သတင်းရရှိသည်။
မှ 7Day News Journal

အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post