စစ်တွေတွင် အဆိပ်သတင်းထပ်မံထွက်ပေါ်

စစ်တွေမြို့တွင် အမဲသားစားသဖြင့် ရှုပမြောက်ရပ်ကွက်မှ မျိုးသား ၂ ဦးဆေး ရုံတက်ရပြီး ခွေး နှစ်ကောင်မှာ ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရ သည်။ယခုခါတွင် လူနှစ်ဦးမှာ ဆေးရုံသို့ရောက်ရှိနေပြီဖြစ်ပြီး လွန်စွာအော့လန်နေ ခြင်းကိုခံစားနေရကြောင်းလည်းသိရသည်။
အဆိုပါဆေးရုံသို့ရောက်ရှိနေသူ ၂ ဦးမှာ အမျိုးသားများသာဖြစ်ပြီး ခွေးသေ ၂ ကောင်အား အမှတ် ၁ ရဲစခန်းမှ စမ်းသပ်ရန်ယူဆောင်သွားကြောင်းသိ
ရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆေးရုံရောက်သူများကို စုံစမ်းမေးမြန်းမှုများပြု လုပ်လျက်ရှိကြောင်းနှင့် မည်သူမှ ၀ယ်ယူပေးသည်ကို သိရှိနိုင်ရေး အတွက် စုံ စမ်းခြင်းဖြစ်ကြောင်းနှင့် အမဲသားများ မည်သည့်နေရာမှ ယူဆောင်လာ သည်ကို သေချာစွာမသိရသေးကြောင်းလည်း ဆေးရုံသို့ ရောက်ရှိနေသော လူမှုကူညီရေးအဖွဲ့ တစ်ခုမှ လူတစ်ဦးက ပြောပါသည်။
မကြာခင်ရက်များက ပြည်နယ်အစိုးရအဖွဲ့မှ ဦးဝင်းမြိုင်က အဆိပ်မရှိကြောင်း ထုတ်ပြန်ခဲ့သော်လည်း ထိုကိစ္စများဆက်လက်ဖြစ်ပွား
နေခြင်းအပေါ် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်းလည်းသိရပါသည်။
ဆေးရုံရောက်ရှိလာသူ ၂ ဦးမှာ အခြေအနေ မစိုးရိမ်ရကြောင်းနှင့် ဆေး ရုံ သို့ ရောက်ရှီလာသည်မှာ လျင်မြန်ခြင်းကြောင့် ဖြစ်သည်ဟု ဆရာဝန်ပြော ကြောင်းလည်းသိရသည်။
From : RSV

SHARE THIS
Previous Post
Next Post