ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သော ဓမ္မစေတီခေါင်းလောင်းကြီး


ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သော ဓမ္မစေတီခေါင်းလောင်းကြီး(မော်စကိုက ခေါင်းလောင်းက ဓမ္မစေတီလောက်မကြီးပါ) ကို ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းမှ ရွှေတိဂုံဘုရားသို့ သွန်းလုပ် လှူဒါန်းခဲ့တာ ပါ။ ၁၆ ရာစုရောက်တော့ ပေါ်တူဂီ လူမျိုး ငဇင်ကာ(ဒီဗရစ်တို)က ရွှေတိဂုံ ကုန်းတော်ကနေ အဓမ္မယူသွားပြီး ဖောင် (တချို့က လှေသင်္ဘောလို့ပြောပါတယ်) ဖြင့် သယ်ယူလာစဉ် ရန်ကုန်နဲ့ သန်လျင် အကြား မြစ်သုံးခု ဆုံရာမှာ နစ်မြုပ်သွားပါတယ်။ ခုထိတော့ နစ်မြုပ်နေဆဲပါ။ နစ်မြုပ်ခဲ့စဉ် ငဇင်ကာ အဓမ္မလုယူသွားတဲ့ ရွှေသေတ္တာ၊  
ငွေသေတ္တာတွေလည်း ပါတယ်လို့ ဆိုပါတယ်။ ခေါင်းလောင်းထုယူတဲ့ သမိုင်းကတော့ ဓမ္မစေတီမင်းက လူစာရင်း(သန်းခေါင်) ကောက်ခိုင်းတာကို အမတ်တွေက အခွန်တွေပါ ကောက်တဲ့အတွက် ကြေးတခုနဲ့တင် ပိဿချိန် အများကြီးရလိုက်ပါတယ်။ အဲတာ ဘုရင်က စိတ်ဆိုးပြီး ပြည်သူကို ပြန်လည် ပေးရာ ပြည်သူတွေက ကြေးကို ပြန်မ ယူတော့ဘဲ သင့်တော်ရာ ပြုလုပ်ပါရန် တောင်းဆိုသဖြင့် ဘုရင်က ခေါင်း လောင်းတခု သွန်းလုပ်ခဲ့တာပါ။ ခေါင်းလောင်းကို အစိုးရ အဆက်ဆက် ကြိုးပမ်းခဲ့သော်လည်း ခုထိ မဆယ်နိုင်သေးပါဘူး။ ၂၀၁၂ မတ်လ က ဂြိုလ်တုကနေ ခေါင်းလောင်းရဲ့ အရိပ်ကို တွေ့တယ်လို့ ဆိုကြ သော်လည်း အခုထိတော့ အစိုးရဆီက ဘယ်သူမှ ဆယ်ယူဖို့ ခွင့်ပြု ချက် မရသေးပါဘူး။
ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သော ဓမ္မစေတီခေါင်းလောင်းကြီး(မော်စက
ိုက ခေါင်းလောင်းက ဓမ္မစေတီလောက်မကြီးပါ) ကို ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းမှ ရွှေတိဂုံဘုရားသို့ သွန်းလုပ် လှူဒါန်းခဲ့တာ ပါ။ ၁၆ ရာစုရောက်တော့ ပေါ်တူဂီ လူမျိုး ငဇင်ကာ(ဒီဗရစ်တို)က ရွှေတိဂုံ ကုန်းတော်ကနေ အဓမ္မယူသွားပြီး ဖောင် (တချို့က လှေသင်္ဘောလို့ပြောပါတယ်) ဖြင့် သယ်ယူလာစဉ် ရန်ကုန်နဲ့ သန်လျင် အကြား မြစ်သုံးခု ဆုံရာမှာ နစ်မြုပ်သွားပါတယ်။ ခုထိတော့ နစ်မြုပ်နေဆဲပါ။ နစ်မြုပ်ခဲ့စဉ် ငဇင်ကာ အဓမ္မလုယူသွားတဲ့ ရွှေသေတ္တာ၊
ငွေသေတ္တာတွေလည်း ပါတယ်လို့ ဆိုပါတယ်။ ခေါင်းလောင်းထုယူတဲ့ သမိုင်းကတော့ ဓမ္မစေတီမင်းက လူစာရင်း(သန်းခေါင်) ကောက်ခိုင်းတာကို အမတ်တွေက အခွန်တွေပါ ကောက်တဲ့အတွက် ကြေးတခုနဲ့တင် ပိဿချိန် အများကြီးရလိုက်ပါတယ်။ အဲတာ ဘုရင်က စိတ်ဆိုးပြီး ပြည်သူကို ပြန်လည် ပေးရာ ပြည်သူတွေက ကြေးကို ပြန်မ ယူတော့ဘဲ သင့်တော်ရာ ပြုလုပ်ပါရန် တောင်းဆိုသဖြင့် ဘုရင်က ခေါင်း လောင်းတခု သွန်းလုပ်ခဲ့တာပါ။ ခေါင်းလောင်းကို အစိုးရ အဆက်ဆက် ကြိုးပမ်းခဲ့သော်လည်း ခုထိ မဆယ်နိုင်သေးပါဘူး။ ၂၀၁၂ မတ်လ က ဂြိုလ်တုကနေ ခေါင်းလောင်းရဲ့ အရိပ်ကို တွေ့တယ်လို့ ဆိုကြ သော်လည်း အခုထိတော့ အစိုးရဆီက ဘယ်သူမှ ဆယ်ယူဖို့ ခွင့်ပြု ချက် မရသေးပါဘူး။

SHARE THIS
Previous Post
Next Post