အိန္ဒိယတွင် အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ထပ်မံပေါ်ပေါက်

ဘတ်စ်ကားနှင့် ဆက်စပ်သည့် နောက်ထပ် မုဒိမ်းမှု တစ်ခု ပေါ်ပေါက်လာပြီးနောက် အိန္ဒိယ ရဲတပ်ဖွဲ့သည် လူ(၆)ဦးအား ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ဘတ်စ်ကားနှင့် ဆက်စပ်သည့် နောက်ထပ် မုဒိမ်းမှု တစ်ခု ပေါ်ပေါက်လာပြီးနောက် အိန္ဒိယ ရဲတပ်ဖွဲ့သည် လူ(၆)ဦးအား ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် နှစ်အတွင်းက အသက်(၂၃)နှစ်အရွယ် ဆေးကျောင်းသူ တစ်ဦးအား ဘတ်စ်ကားစီးနင်းနေစဉ် လူ(၆)ဦးက ဝိုင်းဝန်းမုဒိမ်းကျင့်ကာ ရက်စက်စွာ ညှင်းပန်းခဲ့သည့်အတွက် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။ နယူးဒေလီတွင် ဖြစ်ပွားခဲ့သော ယင်းအမှုကြောင့် တစ်နိုင်ငံလုံးတွင် မုဒိမ်းမှု တိုက်ဖျက်ရေး တောင်းဆိုမှုများ အရှိန်မြင့်လာသလို ဆန္ဒပြသူများနှင့် ရဲများပင် ပဋိပက္ခ ဖြစ်ခဲ့သေးသည်။
ယခုအခါ ဘတ်စ်ကားပေါ်မှ အမျိုးသမီး တစ်ဦးကို အတင်းအကျပ် ခေါ်ယူကာ မုဒိမ်းကျင့်မှုတစ်ခု ထပ်မံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အိန္ဒိယ အနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် သောကြာနေ့က ဖြစ်ပွားခဲ့သော အဆိုပါ မုဒိမ်းမှုကို ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး သံသယ တရားခံ (၆)ဦးကို ထိန်းသိမ်းထားကြောင်း ကြေညာသွားသည်။ အိန္ဒိယ ရဲတပ်ဖွဲ့သည် အနည်းဆုံး နောက်ထပ် တစ်ဦး ယခုအမှုတွင် ဆက်နွယ်နေမည်ဟု ယုံကြည်ကာ ခြေရာခံ ရှာဖွေနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အဆိုပါ သံသယ တရားခံများကို ဥပဒေကြောင်းအရ စွဲချက်တင်မှု မပြုလုပ်သေးဟုလည်း ဆိုသည်။ အိန္ဒိယ ဥပဒေအရ မုဒိမ်းမှု သံသယ တရားခံများ၏ အမည်ကို တရားဝင် ဖော်ထုတ်ခွင့်လည်း မရှိချေ။ ရဲတပ်ဖွဲ့က ယခုအမျိုးသမီးသည် စနေနေ့က ရဲစခန်းသို့ လမ်းလျှောက်လာကာ ကိုယ်တိုင် အမှုဖွင့် တိုင်ကြားခဲ့သလို မုဒိမ်းမှုနှင့် စပ်လျဉ်းပြီး ဆေးရုံတက်ရန် မလိုအပ်ကြောင်း ပြောကြားသွားသည်။

မှ Planet Myanmar Network
“အိန္ဒိယတွင် အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ထပ်မံပေါ်ပေါက်”

Source: WSJ

အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post