မြောက်ဦးမြို့နယ်တွင်း တာဝန်ကျ တပ်ကြပ်တစ်ဦး ဓားဖြင့်ခုတ်ပြီး သေနတ်အလုခံရ၍ ဆေးရုံရောက်

မြောက်ဦး၊ ဇန်နဝါရီ ၁၄။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင်း၌ လုံခြုံရေး တာဝန်ကျ လျက်ရှိသော တပ်မတော်မှ တပ်ကြပ်တစ်ဦးအား ယမန်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်တွင် တာဝန်ချိန်အတွင်း၌ ဘင်္ဂါလီ တစ်ဦးက ဓားဖြင့်ခုတ်သဖြင့် မြောက်ဦး
ဆေးရုံသို့ ရောက်ရှိနေကြောင်း မြောက်ဦးမြို့ရှိ ဒေသခံများထံမှ သိရသည်။

အဆိုပါ တပ်ကြပ်သည် လမ်းခင်းရန် မြေသားကျောက်များ လိုက်လံ
ကောက်ယူရသော ဘင်္ဂါလီလူမျိုးများအား လုံခြုံရေး တာဝန်ယူရသူ
ဖြစ်ကြောင်း သိရပြီး ပေါင်းတုတ်ရွာနှင့် ပရိန်ရွာ အကြားတွင် ၎င်းတာဝန်ယူ ထားသည့် ကျောက်ကောက် အဖွဲ့တွင်းပါဝင်သည်ဟု ယူဆရသော ဘင်္ဂါလီ တစ်ဦးက ၎င်းအား ဓားဖြင့် ခုတ်ကာ သေနတ်လုယူ သွားခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီ ကျောက်ကောက်တဲ့ ဘင်္ဂါလီက အရင်ဆုံး ခြေထောက်ကို ခုတ်တယ်။ ခြေထောက် ခုတ်ပြီးတော့ လက်ကို ထပ်ခုတ်တဲ့
ပြီးတော့မှ သေနတ်ကို ယူပြီး ထွက်ပြေးသွားတာ။ အဲဒီတပ်ကြပ်
ကတော့ မသေဘူး။ ဒါပေမယ့် ဒဏ်ရာပြင်းတယ်။ လက်ရယ်၊
ခြေထောက်ရယ်လဲ ဖြတ်ပစ်ရမယ်လို့ ဆရာဝန်တွေပြောတာ
ကြားတယ်” ဟု မြောက်ဦးမြို့နယ်တွင်း လှုမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကိုအောင် စိုးမြင့်က ပြောကြားသည်။

အဆိုပါ သေနတ်လုယူ၍ ထွက်ပြေးသွားသော ဘင်္ဂါလီလူမျိုးသည် ပရိန်ကျေးရွာမှ ဖြစ်ကြောင်း သိရပြီး ယမန်နေ့ ည ၈ နာရီမထိုးခင်
အချိန်၌ ၎င်းတိမ်းရှောင်သွားသော ရွာဘက်မှ သေနတ် ပစ်ဖောက်သံ ကြားခဲ့ကြောင်း ထပ်မံဆိုသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး စစ်တွေမြို့ရှိ ဝံလက်ဖောင်ဒေးရှင်းမှ ဦးသိန်းဝင်းက “ဒီလိုမျိုးဘဲ နေ့စဉ်ရက်ဆက် စပါးရိတ်တဲ့ သူတွေလည်း ရန်ရှာခဲ့တဲ့ အဖြစ်တွေရှိတယ်။ တည်ငြိမ်အေးချမ်းနေပါပြီလို့ ပြောနေတဲ့ အချိန်မှာ အခုလို တပ်မတော်က တပ်ကြပ်တစ်ဦး ခုလိုဖြစ်တဲ့အတွက်
ပြည်သူတွေ ဘယ်လောက် ထိန့်လန့် နေမလဲဗျာ။ ဥပဒေအရ ထိထိရောက်ရောက် အရေးယူမှုတွေ အရင်ကတည်းက ရှိခဲ့မယ်ဆိုရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး” ဟု ပြောကြားသည်။

ထွက်ပြေးတိမ်းရှောင် သူအား မြောက်ဦးရဲစခန်းမှ ဖမ်းဆီးရရှိ
ထားကြောင်းနှင့် လုယူသွားသော လက်နက်အား ပြန်လည် သိမ်းဆည်းထားပြီဟု ကြားသိရသော်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြောက်ဦးရဲစခန်းအား ဆက်သွယ်မေးမြန်းရာ ယနေ့
နေ့လည် ၂ နာရီ အချိန်ထိ ဆက်သွယ်၍ မရရှိသေးပေ။

စူးရှ
ဓာတ်ပုံ - Coral Arakan News Facebook

မှ The Myanma Age
မြောက်ဦးမြို့နယ်တွင်း တာဝန်ကျ တပ်ကြပ်တစ်ဦး ဓားဖြင့်ခုတ်ပြီး
သေနတ်အလုခံရ၍ ဆေးရုံရောက်

အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post